Sunday, August 11, 2013

စာနာမူ့ အပိုင်းစ

                            
အဖြစ်ပျက်တွေက မြန်ဆန်လွန်းလိုက်တာ..ဒုက္ခတွေ၊ သောကတွေ က ၊ ကမ္ဘာတစ်ဝှမ်းမှာ

 ဒုနဲ့ဒေး၊ ဆုံးရှုံးမု့ အတွက်ပူဆွေးသောက ရောက်နေကြတဲ့ သူတွေကို မြင်ရ ၊ 

ကြားရပြန်တော့လည်း၊ ၀မ်းနည်း စာနာမိတော့ ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘုရားသခင် 

ဆီသာ တိုင်တည် ဆုတောင်းရင်း ဒုက္ခဆင်းရဲတွေကနေ ကမ္ဘာကြီးမှာ ရှိတဲ့ သူအားလုံးကို 

လွတ်ငြိမ်းစေချင်လိုက်တာ…

သဘာဝဘေးအန္တရာယ်ဆိုတာ  လူမျိုးဘာသာ  မရွေး၊ ဆင်းရဲ ၊ ချမ်းသာမရွေးကြုံရစမြဲ မို့၊ 

သူ့ဘာသာ  ငါ့ ဘာသာ ၊ သူ့လူမျိုး ၊ ငါ့လူမျိုးလို့ အတ္တလွန်ဆွဲပြီး လိုရာဆွဲတွေးနေကြတဲ့ 

သူတွေရော သဘာဝဘေးကြီးက သူရဲကောင်းဘွဲ့ပေးလို့ လွတ်ငြိမ်းချမ်းသာခွင့် တော့ 

ရနိုင်မှာ မဟုတ်ပါဘူး။

ဒုက္ခတွေကြားက အော်ဟစ်သံကိုမှ လှပတဲ့ သံစဉ်တစ်ခုလို နားဆင်နေကြတဲ့ သူတွေ၊ 

မျက်ရည်တွေကိုမှ အမောပြေ ရေအေးတစ်ခွက်လို မက်မက်မောမော သောက်သုံးနေကြတဲ့ သူတွေ…လူတွေရဲ့ဘ၀တွေကို နင်းချေလို့ အမြင့် တက်အမှည့်စားချင်သူတွေ ကြားကနေ…ပျက်စီးဆုံးရှုံးသွားလို့နလန်မထူနိုင်ကြတဲ့ သူတွေခမျာတော့ မိအေးနှစ်ခါနာဆိုသလို ၊ ဒုက္ခပေါ်၊ ဒုက္ခဆင့် ဘယ်သူ့ ကိုမှ လက်ညိုးမထိုးနိုင်လို့ ပြိုယိုင်လဲသွားတဲ့ သူတွေ ကိုတော့ ..ကံဆိုးသူလို့ကင်ပွန်းတပ်၊၀ဍ်ကြွေးတစ်ခု လို့သတ်မှတ်ပြီး မေ့ပစ်ချင်နေကြတဲ့ သူတွေကိုရော  အတုံအလှည့်တွေကြုံရင်ဖြင့် ကံ ၊ ကံ ၏ အကျိုးကို သိမြင်လို့ ဆင်ခြင်နိုင်ကြပါစေ။
          တောင်ဇလပ်

1 comment:

Anonymous said...
This comment has been removed by a blog administrator.