Sunday, August 4, 2013


ကမ္ဘာကြီးဟာ  နာမကျန်းဘူးတဲ့လား?

သူတို့ စမ်းသပ်ပြီးကြပြန်ပြီ…

ကမ္ဘာကြီးဟာ   ဖောက်ပြန်နေပြီတဲ့လား?

သူတို့ စွတ်စွဲ ကြပြန်ပြီ…

ကမ္ဘာကြီးဟာ    နိဂုန်းချုပ်တော့မယ်တဲ့လား?

သူတို့ ဟောကိန်းထုတ် ကြပြန်ပြီ…

တကယ်ဆို… ကမ္ဘာကြီးဟာ ဆေးတွေ လိုနေပြီလား?

တကယ်ဆို… ကမ္ဘာကြီးဟာ  ရုံးတင်ဖို့ လိုနေပြီလား?

တကယ်ဆို… ကမ္ဘာကြီးဟာ   အမျှဝေဖို့ လိုနေပြီလား?

ဆေးဆရာ မလို၊   တရားသူကြီးမလို၊  ဆုတောင်းဖို့မလိုတဲ့…
 
ကမ္ဘာကြီးကို    အပြစ်မတင်ပဲ …

ကိုယ့်ကိုယ်ကိုသာ  ဆေးကုရင်း…၊ကိုယ့်အပြစ်ကို ကိုယ်စီရင်လို့…၊

ဘ၀ကူးကောင်း အောင်သာ ၊ ကြိုးစားကြပါ စို့ရယ်…။

                                                         တောင်ဇလပ်

1 comment:

သိင်္ဂါကျော် said...

ကဗျာလေး ကောင်းတယ်...
ကမ္ဘာကြီးက လူတွေကြောင့် ပျက်စီးရတာပါ
:)