Sunday, August 18, 2013

ဝဍ်ကြွေး


ဝဍ်ကြွေး…

အချစ် တစ်ခု တပ်မက်မူ့ကြောင့်…

စွန့်ပစ်ခဲ့ရ   ကြင်နာမူ့တွေ၊

မာန်မာန နဲ့ ဒေါသအောက်…

သူပြုသမျှ နုရတဲ့ ကိုယ့်အဖြစ်၊

ကိုယ့်ကိုယ်ကို ကြည့်မိမှ…

ဖြစ်ခဲ့ရ စက်ရုပ်လို၊

သွေးသားတွေ ခမ်းခြောက်…

ပျက်စီးခဲ့ စိတ်ဓာတ်တွေနဲ့၊

ယဲ့ယဲ့သာ ကျန်တဲ့ ထွက်သက်လေးကို…

တိတ်တဆိတ် ထွက်ခွာလေ မလားရယ်လို့၊

 စိုး၇ိမ်ကာကြောက်စိတ်ပိုသမျှ…
 
တော်ပါပြီ မုန်းတီးရလွန်းလို့ ၊ 

ရင်နာသမျှ  နင် နာမှ သိမယ့်အဖြစ်ကို…

ထိုင်စောင့်ရင်းလည်း မသေချင်ဘူး၊

ခပ်ယဲ့ယဲ့ အသက်လေးကို…

ဂရုစိုက် ကြင်နာပါမှ ၊

နလန်ထမယ့်  အဖြစ်မို့…

အသစ်တစ်ဖန်  ကြင်နာမယ့် ၊

စစ်မှန်တဲ့ အချစ်ကို  ငါရှာရအုံးမယ်။

                     တောင်ဇလပ်

No comments: