Thursday, January 15, 2015

လွမ်းတေးတစ်ပုဒ်


 
မင်းလည်းနှုတ်ဆိတ်
ကိုယ်လည်းနှုတ်ပိတ်
ဒီဆောင်းမအိပ်ခင်

လွမ်းလို့နေပေးပါ
နှင်းတစ်ခါစိုရင်
ချစ်သူပြန်လာမဟောင်းမယ့်
ရင်ထဲကဆောင်းတွေကို
မွေးမြူ ထွေးပွေ့
ချစ်သူအေးဖို့
ဆွေးဆွေးလေး ကိုယ်
ထွေးထွေးပြီး ကြို
အေး..အေးတော့မှာလား
တေး ... တေး ဆိုပြပါလား
ဝေး..ဝေးက ကိုယ်
စောင့်..စောင့် ကာကြို
နှင်း..မပျောက်ခင် လေး
ထပ်တစ်ကျော့ဆိုတေး
လွမ်းကြောင်းလေး အပါ
နွေးထည့်ရင်းသာ....။

No comments: