Friday, January 10, 2014

တောင်ပေါ်သားလေး ကျမ ဖေဖေ

တောင်ဇလပ်မြေ...
လွမ်းနေပြီလား  ဖေဖေ...
မြူနှင်း တွေ  ဝေ ဆိုင်း...
ချင်း  မြေ  ကိုမှ  လွမ်း တယ် တဲ့လား ဖေဖေရယ်...
သံယောဇဉ် အပူကြောင့်...
ပြန်မရောက် တာ ကြာလေ ရော့လား...
ဆွေမျိုးများလည်း      လွမ်း နေရော့မယ်နော်...
ခေတ်လူငယ်မို့...
အပြစ်မယူစေဖို့...
``မင်း  မျိုးနွယ် ´´ လို့ ဆိုလာတဲ့စကား...
သမီး ရယ်ခဲ့  မိတာ ခွင့်လွှတ်ပါ ဖေဖေ...
ရိုးရာ ဓလေ့      အမျိုးမှန် မမေ့အောင်...
အမြဲ  သွန်သင်    ဆုံးမ ခဲ့တာတွေ...
အခု ချိန် ပြန်လည်တွေးရင်း...
အမျိုး ဂုဏ်    ထိန်းသိမ်း သင့်တာတွေ...
သမီး  တစ်ကယ်  နားလည်ခဲ့ပါပြီ  ဖေဖေ...။
   တောင်ဇလပ်



1 comment:

Unknown said...

အရမ်းကောင်းတယ်ထိထိမိမိပဲ