Thursday, January 16, 2014

အတိတ် မှ လွတ်မြောက်ခြင်းဆီ


မချစ်တော့ဘူး .... လွမ်း မိသူရယ်...
ရက်စက်ခြင်းနဲ့  မျက်ရည်စက်...
ချိန်စက်နဲ့  ချိန်တွယ်  တိုင်းရင်...
မျက်ရည်စက်ရဲ့  ဂုဏ်သိခ္ခာ...
ရက်စက်မှု့ မှာ  အလေး သာလို့...
ကျမျက်ရည် ထိုက်စေဖို့ ရယ်တွက်...
နောက်ဆို တစ်ကယ်  မငိုတော့ဘူးကွယ်....
မလွမ်းတော့ဘူး...ချစ်ဖူးသူရယ်...
မင်း ကိုတမ်း တ လန်း ရမယ်ဆို..
ပျော်ရွှင် မှု့ အပိုင်းစ  တစ်ခုတစ်လေမှ...
ကိုယ်       ဆုပ်ကိုင် မထားချင်ပြီမို့....
ကိုယ်      ဒီတစ်သက် အနေမခက်အောင်...
အဟုတ်ကို တစ်ကယ် ...
မလွမ်း တော့ဘူးကွယ်...

မဆို တော့ဘူး  ... ချစ်သီချင်းတွေရယ်...
အချစ်နဲ့ ချယ်သ ၊ ကာရံလှမယ့်...
တိုက်ဆိုင်တေးသွား... မင်းအကြောင်းပါရင်..
ဆိုချင် ဒီ စိတ် ၊  ကိုယ်  မြိုသိပ်လို့...
တိုးတိုး လေး မှ ..ကိုယ်  မညည်း တော့ပြီကွယ်...။
               
 တောင်ဇလပ်

No comments: