Tuesday, January 7, 2014

ချစ် သူ့ ကဗျာ

ကဗျာတွေပျောက်     ကိုယ်ရင်နှောက်ရပြီ ချစ်သူ...
မင်းရဲ့ အမုန်း  မကြားရခင်....
ကဗျာ တစ်ပုဒ် လောက်  စပ် ခွင့် ပြုပါ...
အချစ် တွေနဲ့  ရေးချယ် မယ့် ကိုယ့် ကဗျာ...
မင်း အမုန်းကြောင့်   သေဆုံးမသွားခင်ထိ...
နာကျင် မှု့ မပါ  အကြင်နာ  ကဗျာလေး တစ်ပုဒ် လောက်...
မခွဲ ခွာ ခင် ခဏ  ကိုယ်  စပ် ပေးပရစေ...
ကိုယ့် နှလုံးသား က မင်းအမုန်း  မကြားခင်...
အပြုံးလေး  နဲ့ မင်း နားဆင်ပေးပါနော်...
ညှိ မရတဲ့   ကာရံ  မင်း  ကြောင့် သာမို့...
စကားလုံး အလှတွေ   ကိုယ်  သုံးမရရင်...
မျက်ရည်စက်နဲ့ ကိုယ်ရေးသီတဲ့ ကဗျာ လေးကို...
မင်း  ရင် ကိုဖွင့်.. ချစ်သူ့ ကဗျာလေး အဖြစ်...သိမ်းထားပေးပါ...
တစ်သက်စာ ...ခွာခွာ သွားသည်ထိတိုင်...။
တောင်ဇလပ်

No comments: