Thursday, January 16, 2014

ရင်ခွဲလိပ်ပြာ ( သို့...ပန်း သခင်


လိပ်ပြာလေး   ၊ လှစ်ကာအပြေး..
ကိုယ့် ဆီမှာ ၊  ခဏာတာလေး...
ပန်း တွေဆီ ... ၀တ်ရည် အမှီ..
စုပ်ယူမည်  ၊  ချိန်မီ မနှေး ...
ပြော ကာ အတည် ၊  ထွက်ခွာ သည်...
ကိုယ့် ကို တမင် ... ပစ်ခွာ ရည်...

ရနံ့ ပြယ်လား  ... ညိုးရော့လား...
ဆွေး ကာပို  ... ပန်း ... ငိုပြီ...
တွေ့ပါရင် ... ပြောပါ အလျင်...
စိမ်း နိုင်သူ .... ပန်း သခင် ဆီ...

မချစ် စေလို... အပြစ်တွေ ပို...
ငြိုးမာန် တွေ  မဖွဲ့ စေလို...
ကြိုက် ရာ  သခင်... ခူး ခြွေရင်..
ဆူး  ဒဏ်တွေ ... မသင့်စေချင်...
ပြုံးပျော်စွာ... သုံးဆောင်ပါ...
လိပ်ပြာလို.. ချစ် သူ ...ပန်း သခင်..။

   တောင်ဇလပ်

No comments: