Wednesday, January 15, 2014

အမော ပြေ စေ ချစ်မေမေ


ကိုးလလွယ် ...ဆယ်လဖွား..
မွေး မေမေ ရဲ့ ကျေးဇူးများ...
အိပ် ချင်လျက်  နဲ့ အအိပ်ပျက်...
စား ချင် လျက်နဲ့  အစား ခက် ကာ...
ထိန်း ခဲ့ ဆန္ဒ္ဒ္ဒ`သူ့ ချင် ခြင်း များ...
ရင်သွေး  အလှ  ကျန်းမာ မှ လို့...
မျှော် ရည် ကာတွေး မြိုသိပ်ရင်းနဲ့...
ခလေး ငယ် အတွက် တွေး ပူခဲ့သမျှ...
မောနေပြီ လား မေ မေရယ်...
အမေ့  ရင် တွင်း သက်ဆင်းခဏ...
ခြေတစ်လှမ်း  အစ မှာ...
မခိုင် ခြေလက် ၊ အမေ့ လက်နဲ့...
ကူတွဲ ဖေးမ  လှမ်းသွားချိန်မှ...
အမေ့ လက်စွဲ ရဲခဲ့ဖူး ချိန်...
မော နေ ပြီလား  မေ မေ ရေ...

မမာ မကျန်း  နေထိပန်းနှယ်...
ညိုးငယ် ရင် သွေး ၊ ဖျားချိန် လေး ၀ယ်...
မအိပ်မစား ၊ သောက မီးများ...
လောင်ကျွမ်း ပွေ့ပိုက်...
ပြုစုရခိုက်...
အမေ့ ရုပ်သွင် မှေးမှိန် ဖျော့တော့...
အားကုန်ခဲ့သမျှ...
မောနေပြီလား  မေမေရယ်....

ကျောင်း နေစ အရွယ် ၊ လူမမယ် မှ..
မူ လ ၊ အလယ် ၊ အထက်တန်း  မကျန်..
အရေး ကိစ္စ   ၊  မှန် သမျှအတွက်..
ကြို တင် ပူ တွေး ၊ သားသမီး ရေး ကို..
မျှော်တွေး မှန်းဆ ၊ စိတ်မော ခဲ့ရ...
အမေ့ ဇရာ  အိုနွမ်း သွားပစေ ...
နု ပျိုနေဆဲ ၊ ရင် သွေး တွေ တွက်...
ရှိသမျှအားအင် ၊ ထုတ်ယူ သုံးလည်း...
တစ်ချက်မညည်း ၊ အစဉ် ဖြည့်ဆည်း လို့...
မော နေပြီ  လား မေမေ  ရယ်...

အရွယ် သုံးပါး ၊ ကျော်လွှား လွန် မြောက်...
ဇရာ နောက် ကို ၊ တစ်ကောက်ကောက်လိုက်...
အလှ ၊ အယဉ် ၊ အချော စုံတဲ့..
ပြိုင်သူ စံ ရှား အမေ့ အလှတွေ...
သား သမီး အတွက်  ၊ ဖဲ့ချွေခဲ့ သလို..
အလှ အစုစု ပျောက်ကွယ် လုလည်း ...
တစ်ချက် မမှု ၊ ဆံ ဖြူ စွတ် ပစေ...
ဆေး ကူ မအား ၊  နေ့ ရက်များ ကြား...
ရင်သွေး တွေ တွက် ရတက် မအေးတဲ့...
ဝေးရပ် ဆီက  ချစ်မေမေ တွက်...
သမီး ရင်နဲ့  ရေး စပ်သီကုံး...
ကဗျာ လေး တစ်ပုဒ် ကို...
အမေ များ နေ့ မှာ..
အမေ့  အမော တွေ   ပြေ  ပါ စေ...မေမေ ။

တောင်ဇလပ်

No comments: