Monday, January 6, 2014

ချစ် မိ သူတွက်


   မချစ် နဲ့လို့ တားဆီး ခဲ့တာ ကျမ ပါ...
အချစ် ငတ်လို့ သိပ်ချစ်သွား ခဲ့ တာလည်း  ကျမ ပါ ကိုရယ်...
မျှော်လင့် ခြင်းတွေ ရှင်သန်  အနာ ဂါတ် ကိုပုံဖော်ခွင့် ပေးတာ က  ကို  ရယ်လေ...
အခုတော့မှ မချစ်တော့ အောင် လို့  အချစ်တွေ ကိုဘယ်လို လျှော့ပစ်ရမလဲနော်...
ကျမ သေဆုံးသွားဖို့ အတွက်များ  အမိန့်တွေ ပေးနေသလားလို့ ရင်မှာ မေးခွန်းထုတ်...
မဖြေ ရှာမတွေ့ ဘူးကွယ်...
ထပ်တူ ကျတဲ့ နှလုံးသား  ကျမ ရှာတွေ့မိကာမှ  ပြန်ရုပ်သိမ်း သွားဖို့ အတွက်များ ...
တမင် လာညှင်း နေရ သေးလား အချစ်ရယ်...
ကျမ မပျော်ဘူး  ...  ငိုနေရပါပြီ...
ကို   ကျေနပ်မယ် ဆိုရင်....
ကျမ  ရင်ကို  ခပ်နာနာလေး  နင်းချေသွားပေးပါ....
ကြေ   မွ  ပျက် စီး  သွား စေ  ထိ   တိုင်  ပေါ့...။

    တောင်ဇလပ်

No comments: