Monday, February 10, 2014

တိမ် ပလီ


သနပ်ခါး နဲ့....သိပ်လှတဲ့  ခင်...
မယ် မဒီ    ပြိုင်လို့ရှုံး...
ပြုံး စမ်း ပါ... သတဲ့  လေ...
ဟိုး..  ယခင်...
အပြစ်ဆို... မမြင်...
တင်စား     ခဲ့ ပုံ တွေ...

ဆံနွယ် တွေ...
ရှည်ကာ  မှ...
မိန်း မသား ဆန် သတဲ့လေ...
မဟူရာ ပုတုန်း...တူပါအဆုံး...
ပြိုင် သူရှုံး...
မောင်   တစ်သက်  မမုန်း  တဲ့လေ....
ဟိုး...တစ်ချိန်....
ညွှန်း ဆို ပစေ...
မေ့.... ဆံနွယ်   သက်သေ....

ချိုသာ အသံ  .. ကြည်လင်ဟန်..
ဆည်းလည်း   သံသို့ ပေ...
မောင့်  နားဝင်   အေးချို ကြည်...
ကြား ချင် လွန်း သတဲ့လေ...
 
နံ့သာ မတင်...မေ့   .... ပါးပြင်...
အပြုံးများ  လွင့် ပြယ်နေ...
ဆေး  ကူ  မခြယ်....
မေ့ .... ဆံနွယ်....
အရောင် ပြယ်  လု  နေ...

လျှာဖျား  တစ်ထောက်....သူ့ စကားအောက်...
မေ့...နှုတ်  တို့ ဆွံ့အ  , လို့  နေ...

တိမ်...နှယ် ...သူ...
လေ  ပွေ  လို....လူ...
မေ...ရွံ့ မုန်း...
ကာလ များ     ကြာရှည်...။

တောင်ဇလပ်





No comments: