Monday, February 10, 2014

ခံစား မှု အပိုင်း စ


လူတစ်ယောက်  ကိုချစ်ရတာ ..သိပ် ကို ပင်ပန်းလွန်းပါတယ်  ၊  ကိုယ့် မှာ ရှိတဲ့...သိခ္ခာ၊ တွေ မာန တွေ..
ချ နင်း ပြီး  ပေး ဆပ် ရင်းပေါ့....
ချစ်တတ်လွန်း ၊ ခံစား တတ်လွန်း တဲ့  နှလုံးသား ကို တစ်ခါ၊ တစ်ခါ  တော့ မုန်းမိပါရဲ့...
အချစ် ဆိုတဲ့ အရာရဲ့  နောက်ကွယ် က  ကြုံလာမယ့် အရာတွေ ကို   ခလေး ဆန်တဲ့  အတွေးနဲ့...
တွေး ခဲ့ မိတာ  မှား လား ဆိုတာ   မတွေးချင်တော့ပါဘူးလေ....
 
  မိန်းခလေး  တစ်ယောက်ရဲ့  အချစ် ကို မှတ်ကျောက်တင်ဖို့  ကြိုးစားရင်းနဲ့...ရိုးသားမှု တွေ လက်လွှတ်
သွားမှာ ၊ မသိခဲ့တာလား..ကိုယ့်  အချစ် မှာ  ဘာအရောင်မှ  မပါတာ  ဖော်ပြရင်းနဲ့  သံသယတွေ ပိုများ
စေတာလား... ကိုယ်         မတွေး ချင်တော့ပါဘူးလေ....
တစ်ကယ်တော့  ဘာကြောင့်  ဆိုတဲံ့  အကြောင်းပြချက် ပေါ်မှာ  တည်ဆောက်မှ   တော့  အဲဒါ ကို..
အချစ်  လို့ ခေါ်နိုင်မလားလေ...
ကိုယ်  နားလည်တဲ့  အချစ် ဆိုတာ ဖြေရှင်းချက် တွေ မလိုအပ်ဘူး  လို့ လက်ခံ ယုံကြည်ထား သူကို
ပေါ့တန်တယ်လို့သတ်မှတ် .. မင်း မကျေနပ် ရင်လည်း... တည်ငြိမ် တဲ့ နှလုံးသား က လက်ပြ နှုတ်
ဆက် ဖို့ တော့ ပြင်ဆင် ထားပြီးသားပါ...
 ဖြူစင် မှု တွေ အပေါ်   ဖြေရှင်း ချက် ထုတ်ရင်း.....
ကိုယ့်  နှလုံး သား  မောပန်းလွန်းပါပြီ...ပင်ပန်း  နေပါပြီ....
ကျေးဇူး ပြုပြီး  .... ကျေးဇူး ပြု  ပြီး  တော့....


 တောင်ဇလပ်

1 comment:

Unknown said...

ကောင်းပါတယ်