Thursday, February 13, 2014

ကျေးဇူး ကြီးပေ, အားလုံးရဲ့... ဖေဖေ


မမေ့ နိုင်ပြီ   အာဇာနည်...
ကျွန်မတို့  ၏  ကျေးဇူးရှင်..
ကိုယ်  ကျိုးစွန့် လို့  ပေးဆပ်သွား...
သမိုင်း တွင် စေ  ... မြတ်စိတ်ထား...
ရိုးဖြောင့်   တည်ကြည်...
ကြောက်စိတ် မတည်...
အသက်  ကိုပင် စွန့်ခဲ့သည်...
တိုင်းတစ်ပါး  ကြား..  ဂုဏ်ယူ  ၀ံ့ကြွား...
သူမတူ  သည့်   မြတ် စိတ်ထား...

အာဇာနည်   တစ်ပါး...
ထွန်းကာ  ဖွား....
ကျေးဇူး  ကြီးလှ   မိဘ  နှစ်ပါး...
နတ်မောက်မြို့တွင်   သူဖွားမြင်....
အညာ မြေ  ရဲ့...အလှ ပန်း....ပင်...
ရိုးသား  ကြိုးစား...သူစွန့်စား...
အညံ့မခံ.... သူ့စိတ်ထား...
လွတ်လပ်ရေးတွက်...ကြိုးစားခဲ့...
နည်းပရိယာယ်ပေါင်း ... များစွာနဲ့...
တိုင်းတစ်ပါး  အလယ်...ကြောက်စိတ်ပယ်...
ရိုး  သည့်စိတ်က..  ပွဲတင့်တယ်...
ဘယ်သူလာလာ...သူမမှု...
နှုတ်ရေး  နှုတ်ရာ....ကျွမ်းကျင်မှု...
ကြီးသူ ရိုသေ ၊ ငယ်သူ သနား...
တန်းတူ ဆိုရင် ... သူလေးစား...
စကားအရာ...လွန်ပြတ်သား...
``အရိုင်း´´ ဟုပင် ကျီစယ် ထား...

တိုင်းပြည်ရေးကို...
မျှော်တွေးခေါ်..
စိုးရိမ်စိတ်...  ကပြောတိုင်းပေါ်...
အနာ ဂါတ် ကို... ကြိုမြင် ထား..
သူ့စကားများ...
သက်သေ     အလား...
ပြောမကုန်ပေ....ကျေးဇူး တွေ...
အာဇာနည်ရဲ့...ဂုဏ် ပုဒ် တွေ...
ဒီ မွေးနေ့မှာ...ရေး သီကုံး...
ကျေးဇူး ရှင်...အတွက်...
ကန်တော့ပန်း  ... လေး ...တစ်ကုံး...။
တောင်ဇလပ်







No comments: