Sunday, February 16, 2014

မှေးစက်ပျော် မရ တစ်ကိုယ်ရည် ည


မှေးစက် မရတဲ့  ...အိပ်ပျက်ညမှာ...
မင်း ကိုလွမ်းတယ်  ချစ်သူ...
ညင်သာ ဆိုတေး ....ကာရံချိုလေး...
မှေးစက်ပျော်  ဖို့...
သီကျူးပေးကွယ်...

တစ်ကိုယ်ရည် ဒီည...
အပြင်မှာ  သိပ်လှနေလို့...
ကိုယ်..     အိပ်မရ ဘူးကွယ်... 

ကိုယ်  ဖွင့်ထားတဲ့...
အိမ်   .. ပြ  တင်း....တံခါး...
အလွမ်း  တွေများ....
ခိုင်းစေ ရော့လား..
နယ်ကျွံ  ဒီအချစ်...
ပြန်မလာခင်ထိ...
ဖွင့် ထားမိနေတယ်...

မွန်းကြပ်မှု နဲ့...
အခန်းကျဉ်းလေးထဲ...
ဝေဒနာတွေ ..၀င်မလာဖို့ရယ်..
ဖေး ကူလို့ တားပေး...
ဒီည လေး ..အတွက်ပါကွယ်..။
တောင်ဇလပ်
 


No comments: