အားလုံးရဲ့ အဝေးမှာ....
ဟန်ဆောင် မြိုသိပ်....
အဖေ့ ရင်ခွင် ကိုလွမ်းတယ်.. ဖေဖေ...
ဟိုး ငယ်ငယ် က အမေ ရိုက်တာ မကြိုက်တဲ့...
ဖေဖေ့ သမီး...
လောကဒဏ် ရဲ့ ဒေါ သအောက်မှာ...
ခေါင်းမဖော်ရဲ အောင် နာကျင် ခဲ့ချိန်မှာ...
အဖေ ဘယ် လိုချော့ ပေးမှာလဲ ဟင်...
မေတ္တာ နဲ့ ရင်ဆိုင် ...အရာရာ အောင်နိုင်တယ် ဆိုတဲ့...
ဖေဖေ့ စကား...
သမီး ရင်မှာ.. ဒဏ်ရာတွေ ဖြစ်ပေါင်း များပြီ ဖေဖေ...
ဖေဖေ့ အကြင်နာတွေနဲ့ လူလား မြောက်ခဲ့တဲ့ သမီးတစ်ယောက်...
ဘယ် လိုပုံ ရှေ့ဆက်ရမယ် ဆိုတာ...
ဒီတစ်ခါ ဖေဖေနဲ့ ဆုံရင်...
ဟိုး... ငယ်ငယ် ကလို ခဏထွေး ပွေ့...
အကြင်နာ တွေ ထပ်ဖြည့်ပေးပါ....
ကုန် ခမ်း သွား သမျှ အတွက်ပါ...
ဖေဖေ.....။
တောင်ဇလပ်
No comments:
Post a Comment