Tuesday, February 4, 2014

စိတ် ကူး.. ဆန္ဒ


ကိုယ့်  လက်ကလေး ကိုင်လို့...နှစ်သိမ့် တဲ့ စကား...
ခပ်  တိုးတိုး   လေး ကြားမိသလို...
ကိုယ့်  နှဖူး လေး စမ်း လို့... စိတ်ပူတဲ့ အမူယာ...
ခပ် ယေးယေး လေး မြင် မိ သလို...
ကိုယ့်  ကိုယ် ထွေးဖက် ...မင်း လက်တစ်စုံလား..
ယောင်ယမ်း ဖမ်းဆုပ်...စိတ်ကူး မိသလို...

မင်း မရှိမှန်း သိရက်နဲ့ တမ်းတ...
အားငယ် မိတဲ့ တစ်ခဏ...
ကျလာတဲ့ မျက်ရည်...
နာကျင် လာတဲ့ ဝေဒနာ...
မဖြစ်နိုင်တဲ့ အရာ...
ဝေဒနာ နဲ့ လဲလှယ်မှ...
ပိုနာကျင် မယ့် အသိကြောင့်...
ကြိုးစား စွာမောင်းထုတ်..
အတွေး တစ်နေရာ ရဲ့ အဝေး ဆိုမှ...
ရင်ထဲ တစ်နေရာ က  ``ကျင် ´´ခနဲဖြစ်...
အမှတ် မရှိ ကိုယ့် ရဲ့ အဖြစ်...
ကိုယ် ... သတိထားခဲ့မိ...
သြော် ´´ ကိုယ့် နှလုံးသား...
သူ နာ ဖျား နေ ဆဲ ပါလား...။
                                  တောင်ဇလပ်




No comments: