Monday, August 11, 2014

အနီကတ် အရှုံး သမား


 

ဆောရီးပါ
လာမပြောနဲ့
မရှိ တော့ဘူး ဟာ
နင့် ဘ၀ ကို
ငါ့ ဘ၀ နဲ့
ပေါင်းထပ် ပြီး

 လောင်း ကြေး သတ်မှတ်ခဲ့တဲ့
ကစားပွဲ မှာ
ငါ ဟာ
ဒိုင် သတ်မှတ်တဲ့
အနီကတ် ပြ ခံ ရသူ....


နင် ... ပေး တဲ့နာကျင် မှု ကို
ဘယ်သူ မှ မမြင်လိုက်ပဲ
ငါ ဟာ ပွဲ ပယ် ခံ ရသူ လေ

အောင်နိုင်သူ နင် က
အရှေ့ ၊ အလယ် ၊ အနောက်
တစ်ကွင်း လုံး လှည့်ပတ်
ရိုနယ် ဒို တစ်မျှ
စွမ်း ဆောင်ပြ နိုင်သူ...


တိုက်စစ်မှုး ရဲ့ မာန်အပြည့်
ကစား ကွက် လှ လှ တွေ နဲ့
ပရိသတ် ကိုစည်း ရုံး ပြ တာ
ငါ ဆိုတဲ့ နောက်တန်းသမား က
တစ်ချက် မှား  ကာကွယ်မှု ကြောင့်
အနီကတ်ပြ.... ပွဲ ပယ်ခံရတာ
ပရိသတ် ရဲ့ ငြိုငြင် မှု တွေ နဲ့ ပါ
...
 

ခြေ မမျှ တဲ့....
 အရှုံး သမား ဖြစ်ပေမယ့်
ငါ ဘယ်တော့ မှ
ဒူး မထောက်ဘူး ဆိုတာ
  အောင်မြင်မှု မှေးမှိန် လာချိန် မှာ
နင်တစ်နေ့
စာ နာ တတ်တဲ့ အခါ....
ငါ့ ရင်.... ကို
နင် ကစား ခဲ့ သလို
ရှုံး ပွဲ မရှိ
ရလဒ်တွေ များစွာ
ပိုင်ဆိုင် ဖို့
ငါ .......
ဆု တောင်းပေး နေ မှာ..ပါ ....။

တောင်ဇလပ်

No comments: