Monday, August 11, 2014

ကိုယ်.....


 

ဘာကြောင့် များ မှ
မသနားပါ နဲ့လား ချစ်သူ

ပျော့ညံ့ မှု တစ်ခုတွက်
ငါ့ကိုယ်ငါ ဆုံးမနေပါတယ်

စိတ်ကြိုက် ..ဆုံးဖြတ်
ကိုယ် နာခံ နေပါ့မယ်
အချစ် ဆိုတာ ကိုယ့်တွက်
သင်ခန်းစာ တွေ အဖြစ်နဲ့
သိမ်းဆည်းမထားချင်တော့လို့ပါ

သွားချင်ရင်သွား
  နှုတ်မဆက် ချင်လည်း နေ
  မေးခွန်း မရှိ တဲ့
ကိုယ့် ဘ၀ကို
မင်းထားခဲ့တဲ့နေရာမှာ
ဒဏ်ရာ တွေ ထပ်မဖြစ်ဖို့
မင်း အမုန်းတွေ
ဝန်မမျှ တဲ့ နှလုံးသားကို
ဒုက္ခ မပေးချင်တော့ ဘူးကွာ

အမှားတွေ
အရှုံး တွေ တွက်
  အော်ဟစ် ငိုကြွေးခဲ့ တဲ့
နာရီ တွေ......
ကုန်လွန်ခဲ့ပြီးပါပြီ
လူတကာသိတဲ့
ကိုယ့် သမိုင်းဆွေးကို
ဘာနဲ့မှာ ထပ်မဖြည့်ပရစေနဲ့

ကိုယ်... ဟာ မင်းပြောသလို
စွပ်စွဲ သလို
အချစ် နဲ့ မထိုက်တန်သူ ပါ....
သနား တယ် ဆိုတဲ့ စကားတစ်ခွန်း နဲ့
ကိုယ့်ကိုယ်
အပစ်ပယ်ခံ ....သတ္တ၀ါလို
မင်း.... မမှတ်ယူ သွားဖို့ပဲ ....
ကိုယ်.........။

No comments: