Monday, August 11, 2014

ငှက် ကလေး သို့

 

ငှက်ကလေး ရယ်
ဘယ်အဝေး ကွယ်
တစ်ရက် ဝေး လဲ
ချစ် နေမယ် 


လှောင်ချို င့်ဖွင့်ထွက်
ပျံ ၀ဲ ချင် ရဲ့
အတောင်ညောင်း တစ်ချက်
  ပြန်စောင်း ငှဲ့ ကွယ်


ဟို ဒီ ပျံ သွား
တစ် နေ့ ပျံ အနား
အလွမ်း.. လှောင်ချို င့် မှ
ငှက် ကလေး ငယ်

  ဖော်ကွာ ဝေးမှာ
ပျံ ရှာ... ပြေးသွား
ဘယ်တော့များ မှ
  ပြန်လာ မယ်


ဒီ ရင် ဒီ အလွမ်း
  လှောင်ချို င့် စခန်း မှ
သခင် စောင့်စား
အလွမ်း ပြတင်း မှ ကွယ်


  မျှော် ငေး ဘယ် ၀ယ်
တိမ် တိုက် ကြား မယ်
ဝဲ လွင့် ပျော် မြူး
စုန် ဆန် အကူး
အတူ ပျံ ၀ဲ မယ့်
စိတ်ကူး ရယ်

ဘယ် ခါ မပျောက်
တစ် နေ့မှာအရောက်
အချစ် ငှက် လေး
ပျံ လာပေး ကွယ်..။

No comments: