Monday, August 11, 2014

ဖြစ် နိုင် မယ် ဆိုရင်



သစ္စာ မဟုတ်ဘူး နော်
သိပ် ကျေနပ်မနေနဲ့

မင်းလို လူ တွက်
ငါ့ရင် မှာ
သစ္စာ ဆိုတာ

 ပြတိုက်မှာ ထားပြီးပြီ
ယုံကြည် မှု လို့လည်း
  ယောင် မှားပြီး
ကမ္မည်း မထိုးလေ နဲ့
ငါ့ ရင် မှာ
နင့် အတွက်
သံသယ တွေ အကုန်
သွန်ချ မှောက်လှန် ပြီးပြီ

သိပ်ခက် တဲ့ငါ့ စိတ် မှာ
ဘယ်သူ က မှ
နင့်လောက်
နင့် နီးပါး
မရက်စက် ခဲ့ဖူးပေမယ့်

မာကျော တဲ့ အသဲ
မာ ကျော တဲ့ စိတ် ကို
ဘရိတ်အုပ်မရအောင်
အမုန်း တွေ မွေးဖွား ပေးခဲ့တဲ့နင့်ကို

ငါ့ ရင် တစ် ချက် အောင့်တိုင်း
ငါ့ နှလုံးသား တစ်ချက်
နာကျင် ရ တိုင်းမှာ
အသစ် အသစ် ဖြစ်သွားတဲ့
စုး နစ် တဲ့ ဒဏ်ချက် တွေ က
အမြဲ အချက် ပြ နေ တယ်

နင် တစ်ကယ် ..
ငါ့ ဘ၀ ကို
အနိုင် နဲ့ လှည့်စားဖို့
  မွေးဖွားခဲ့ လေ သလား....

အသက်ရှင်ခြင်း မှာ
နင် ရှိ နေမယ်ဆို ရင်
ငါ တစ်ကယ် 

သေဆုံးသွားလိုက်ချင်တယ်
ငါ တစ်ကယ်
သက်ရှိ ကမ္ဘာ မှာ
  ဖြစ်တည်ခြင်း မရှိ ခဲ့တဲ့
  ဒြပ် တစ်ခု အဖြစ်နဲ့
  မွေး ဖွားခြင်း အစ ကို
မနေ့ တစ် နေ့ က လို
အဖြစ်မျိုး နဲ့

ငါ... 

ပြန်ရောက်သွားချင် မိတယ်
  ဖြစ် နိုင် မယ် ဆို ရင် ပေါ့..
..။

No comments: