Monday, August 11, 2014

ဘယ် တော့ မှ


 
တိတ်တိတ်လေး 
နေတတ်ပါတယ်
တိုးတိုးလေး လည်း 

ပြောတတ်ပါတယ်
သူ မကြားအောင်လည်း
ကိုယ် ငို ပြတတ်တယ်
သူ မသိအောင်လည်း
ကြိတ် နေ တတ်ပါတယ်

စိတ်သာချ ပါ
မင်းအလို မ ကျ အောင်
ဘယ်တော့မှ 

နေမယ့်သူမဟုတ်လို့
တိုးတိတ် နေဖို့
အလိုက်မသိသလို
မလုပ်ဖို့...
  တောင်းပန်တယ်

မမေးလည်း

ဖြေတတ်သူ
မပြောလည်း
ကြားတတ်သူ မို့
မင်း စိတ်ညစ်အောင်
အပိုတွေ လုပ်မပြတာ
အသေခြာ

  ပျော်သလိုနေ
ကြိုက်သလို ဆုံးဖြတ်
ကိုယ် ဟာ
အသံမဲ့ ဘာသာရပ်တွေနဲ့
တတ်မြောက် မှု
  နေတတ်မှု
လွန်မြောက်ခဲ့ ဖူး သူ

မင်း သိအောင်
တိတ်တိတ်လေး ပြောမယ်
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ် တော့ မှ လည်း.....
ကိုယ်..........။

No comments: