Monday, August 11, 2014

လေ နဲ့ အတူ



 

ဘယ်တော့မှ လို့
ဘယ် အချိန် မှ လို့
ဘယ် သူ့ကို မှ လို့
ကတိ

ထား ဖူး တဲ့ သစ္စာ
  ပြောဖူးတဲ့ စကား
ဝန်ခံဖူး တဲ့ နှုတ်

အခု တော့
အားလုံး
အားလုံး
  လေ လို လွင့်

လေ လို ၀ဲ
  လေ လို လွင့်ပျံ သွားပြီ ပဲ

ကတိ ရဲ့ ယုံလွယ်မှု
သစ္စာရဲ့ ဖောက်ပြန်မှု
စကားတစ်ခွန်းရဲ့

ပေါ့ဆ မှု ကို
အလေး ထားမိသူ တစ်ယောက်

ရင် ခွင်ခြောက် မှ
ညိုးငယ်စွာ အဖြေရှာ
  ဖြစ်သင့်တဲ့ သဘောလား
သဘာဝကို
ဆန့်ကျင်သူပဲလား
လူ တွေ မေးအငေါ့မှာ

ပြို လဲကျ သူ
ကတိတစ်ခု
ဆုပ်ကိုင် ထား
သစ္စာ သမား ..လား
  နှုတ် စကား တစ်ခွန်း ကြား မှာ
အရှုး တစ်ယောက် ပမာ
  လေ ကို မှ ဆုပ်ကိုင်
ယုံ မှတ် သူ ရဲ့ အဖြစ်
ကိုယ့် ရဲ့ အပြစ် တွေ ပါ ပဲ လေ.....။

တောင်ဇလပ်

No comments: