Monday, August 11, 2014

အရိုး ခံ အရှုံး သမား


 
မာန်လုပ် တင်း
ဟန်လုပ် ငြင်း ရ ပေမယ့်
  နှလုံးသားနဲ့လူ ပါ
မမုန်း သင့် လည်း

အပြုံး နှင်းမရမယ့် အတူ
စည်းတစ်ဖက် ခြား
  ဝေး လွင့်သွားတာ
တို့ နှစ်ယောက်တွက်
သင့်တော်မယ့် အခြေ

ကိုယ် ဟာလေ
အဆိပ်သင့်လူ သား
အချစ် ရဲ့ အစေပါး ဖြစ်
  နှစ်များစွာ
ခံစားလာရသူ

တစ်ပါးသူ အချစ် သစ်ကို
ကိုယ့် လိုလူ
အသဲ ရိုင်း သမား ရဲ့
အနှစ်မပါ
  မေတ္တာ အနွမ်းဖတ်ကို

  ဖြူ စင်သူ
ရင်ခွင် ကျွမ်း ရအောင်
ကိုယ် မညာနိုင်
အရိုးခံ
အရှုံး သမားအဖြစ်
ဆွဲချက် တင်
မင်း အမြင်မှာ
ရက်စက် သူ ...တစ်ဖြစ်လဲ

ကိုယ့် ကိုယ်သာ
သတ်မှတ်လိုက်  ပါ တော့ ကွယ်...။

တောင်ဇလပ်

No comments: