Monday, August 11, 2014

တစ် နောက် မှာ

 

သိက္ခာဆိုတာ ဘာနဲ့တိုင်းတာသလဲ
ကျ မ .. ရိုးသား ချင် မိတယ်
တန်ဖိုး ဆို တာ ဘာနဲ့တိုင်းတာ သလဲ
ကျ မ ဖြူ စင်ချင် မိ တယ်

တစ်ခါ တစ်ခါ ဖြစ်ပေါ်လာတဲ့
လူသား ပီသတဲ့ စိတ် တစ်ချို့ ကို
ဆင်ခြင်ဥာဏ်နဲ့ ထိန်းချု ပ်
အတွေးတွေ သန့်စင် စေ တဲ့အခါ
အတ္တတွေ က လှောင်ရယ်ပြ
မပြည့် စုံခြင်း တရားတွေ ပေါ်မှာ

စမ်းသပ်ခံ ဖို့.....
စာရိတ္တ တစ်ချို့ ...
ထုတ်သုံး ရတဲ့အခါ....
ဘရုတ်သုတ်ခ စရိုက် တစ်ချို့ နဲ့
အမြင် မလှ တဲ့....
ဟန် မပါ ဒီဇိုင်းတွေ ကြောင့်
သိက္ခာ ဆိုတာ ...
ဟားစရာဖြစ်ရပြန်တယ်

သကာမလောင်းတဲ့ ..
မပီပြင်တဲ့
ရင်ထဲက ဘာသာစကားတွေ လည်း
ပလုံး ပထွေး လျှံ ကာကျ
တန်ဖိုးဆိုတာ
လမ်းဘေး ရောက်သွားသလိုများ
လှပခြင်းတွေ ထဲမှာ
ဟန်တွေ များ စွာ
ထုတ်ပိုး လို့
လူမြင်လှဖို့
သရုပ်ဆောင်တဲ့ လောကမှာ
ကျ မ ဟာ
သုည ဆိုတဲ့ ၀လုံးကို
ကျ မကွဲ အောင်
ထိန်းချု ပ်ရင်း
လွဲ မှားခြင်းလမ်း တွေ ထဲမှာ
ကိုယ့် ကိုယ် ကို ပြန်ပေးတဲ့
အမှတ် တွေ က
တစ်ရာ အောက်.. မလျော့..

အသေခြာ သိတဲ့
ဗလာအတိ လောကမှာ
ကျ မ ဖြူ စင်ခြင်း တွက်
တိုက်ပွဲ ၀င်
သိက္ခာတစ်ခု ကို
ဒိုင်းလွှား ပမာ ပြုလို့
ရိုးသား မှု ရင်အုပ်တန်ဆာ ဆင်
  အောင်မြင်ခြင်း တွေ ဆီ
ချီ တက် မယ့် စိတ်ကူး ..
သုည ကို နေရာ ရွှေ့...
တစ်....အက္ခရာ နောက် မှာ...
တစ်ဆယ် ...
တစ် ရာ .. ..!.
တစ်ထောင်... လား
သို့ မဟုတ် .....?.....။

No comments: