Monday, August 11, 2014

ပြုံး လှည့် မေမေ



 

အမေ့ အပြုံးတစ်ပွင့်
သမီး ငံ့လင့် နေ
လွမ်းရက်တွေ ကြာပြီ အမေ
အမေ နေကောင်း ပါ စ

သမီး စိတ်ပူ ရတယ် အမေ
ဇရာအို အချိန် ရောက်
အမြင်တွေ မှုန်ဝါး နေလည်း
ရိုးသား မှု စံမှီ ပ...
သမီးတွက်...တော့
အမေ သာ အလှဆုံးပါ...လေ..
.

ခလေး အရွယ် မဟုတ်ပေမယ့်
အမေ့ မြင် ရင် ဆိုးနွဲ့ဟန် တွေနဲ့
သမီး လေ တစ်ကယ် မိုက်ခဲ့မိပါတယ်
တစ်ခါ တစ်နှစ်ဆုံ ဖြစ် တဲ့အချိန်လေး
အမေ့ လက်ရာ ဟင်းဖွယ်ရာ တွေ နဲ့
သမီး အပြန်မှာ အဆင်သင့် ကြို ခဲ့ ချိန်....
သိပ် ကို များ မောခဲ့သလား အမေ.
..

မီးဖိုချောင်မှာ တစ်ကုပ်ကုပ်
သားသမီးတွေ စားဖို့ ရယ်လို့
အသက်ကိုပင်မေ့လျော့ နေသလား
သွက်လက် လွန်းတဲ့အမေ ရယ်
ဘယ်ဟင်း ဘယ် အစာ...
ဘယ်လောက် ဈေး တန်လည်း
အမေ ချက်တဲ့
ဟင်းတစ်မယ် စာ က လွဲ
သမီး ဘယ်မှာ
ခံတွင်းမတွေ့နိုင် ဘူးအမေ ရယ်....


အမေ့ မေတ္တာ၊
  စေတနာဟင်းတစ်ခွက်
အမေ့ အဝေး မှာ
မွတ်သိပ် ခြင်း တွေ နဲ့
သမီး တစ်ယောက်
ကြိတ် မြို သိပ် နေ တယ်....

ဒီတစ်ခါ ပြန်ဆုံဖြစ်ရင် လည်း
   မောနေမယ့် အမေ့ပုံရိပ်တွေ နဲ့
စားချင်တဲ့ ဟင်းတစ်မယ် နဲ့လဲ
  ချွေး သိပ်ကာ နားနေ ဖို့ရယ်ပဲ
သမီး ရင် မှာ မျှော်လင့် လို့ နေတယ်
အိမ်အပြန်မှာ အမေ အမောဖြေ ကာရယ်
သမီးအတွက် အပြုံးတစ်ပွင့် ပြုံး လျက် ပဲ
  စောင့်ကြို ဖို့
  မျှော်လင့် ပရစေ မေမေ ရယ်... 

တောင်ဇလပ်

1 comment:

Unknown said...

အမြန်ဆုံး ဆုံစည်းနိုင်ကြပါစေ