Monday, August 11, 2014

အချစ် လေဟာနယ် အသစ်

 
နှလုံးသား လေး
တစ်စုံတစ်ရာကို
ကိုယ် ပြုံး ပြ ချင် ပါတယ်
နှလုံးသားလေး

တစ်စုံတစ်ရာကို
  ကျေး ဇူးတင် နေ ချင်ပါတယ်
သူ သိ နေ ပါ စေ
သူ မေ့ နေပါ စေ

ကိုယ့် ဘ၀ ကို
မနက်ဖြန် တွေ ရောက်လာခွင့်ပေးတဲ့
ရင် ခုန် ကြည် နှုး
မပွင့်တစ်ပွင့် အပြုံး တွေ
ပန်းတွေ မမြင်အောင်
ပုန်းပုန်းလေး နဲ့..
ကွယ် ပြုံး တစ်ပွင့်
အချစ် လေ ဟာနယ် သစ် မှာ

ရင့်ကျက်ခြင်းရဲ့ ခလေး ငယ် အဖြစ်...
ခိုးခိုး ခြွေ တာ
လိပ်ပြာတွေ ....ထိတ်လန့်မှ
ကိုယ့် အချစ် တွေ သိမှတ်သွားတယ်
ကြည် နှုး ခြင်း လေ တစ်ချက် အဝှေ့
သူ လည်း သိ နေ နှင့် သလို

ကိုယ့် အနားကို.....
ကျီ စယ် တိုး ဝှေ့ သွား
ကိုယ့် ကိုယ် များ ...
သိပ် ... ပျော် နေ ....သလား တဲ့ လေ
...။

တောင်ဇလပ်

No comments: