Thursday, March 5, 2015

တောင်ဇလပ်မြေသို့ တမ်းချင်း



'တောင်ဇလပ်ရယ်
တောင်ပြာတန်းရယ်
ဝေးကွာ ကြာတဲ့
ချင်းမ လေးတစ်ယောက်
ချင်း မြေ ကိုတစ်ကယ်လွမ်းနေပါတယ်
ဆွေမျိုးတွေ ရယ်
ချစ်သောအဖေရယ်
ဗမာစကားမပြောတတ်တဲ့
အဖွားတွေကိုလည်း
သတိရပါတယ်
ပြောင်းဖူးခင်းနဲ့
ကော်ဖီခင်း ထဲ
ဆွေမျိုးများနဲ့ပျော်ဖူးပါတယ်
မြှစ်ချိုးသွား တဲ့
တောတောင်ကြားထဲ
ပလိုင်းလေးအသာလွယ်
ဆွေမျိုးတကာအလည်
လိုက်ရှုပ်ဖူး ခဲ့ပါတယ်
ကျွတ် တွေ တွေ့တိုင်း
လန့်အော်ပြေးလို့
ဝိုင်းရယ်ကြတဲ့
မောင်နှမတွေလည်း
တစ်ခါတစ်ခါ
တမ်းတမိပါတယ်
တောင်ယာတဲနဲ့
တောင်ခြေ ချောင်း ထဲ
ငါးရှာသွား တဲ့
ဆွေ မျိုး များ နဲ့

 ညအိပ်ခရီး
လိုက်ဖူးခဲ့တယ်
ဆရာမရှိတဲ့
စာသင်ကျောင်းထဲ
အရွယ်နဲ့မမျှ
စာသင်ပြ လို့
ဆရာတစ်ယောက်လည်းလုပ်ခဲ့ဖူးပါတယ်
နေရာတကာ ပါလေရာမို့
ဆွေမျိုးတွေ များမမေ့နိုင်သလားရယ်
မရမ် အလွမ်း
ပြန် တမ်းတ ခိုက်
အဖိုးတည်ထားတဲ့
ပါမိုင်းရွာ လေး
အခုဆို တစ်ခေါက်
ပြန်အရောက်မှာ
လှပသာယာ ရှိပါလိမ့်အုံးမယ်..။

No comments: