Thursday, March 5, 2015

ကိုယ့်၇ဲ့ နှိုးစက်လေး များ

 
မိုးသောက်မနက်အိပ်ယာနိုးတော့ အိမ်အပြင်မှာတစ်စာစာနဲ့အော်ကာဟစ်လို့
လမ်းကြိုလမ်းကြားမကျန် ဗန်းလေးတွေခေါင်းပေါ်တင်ရွက် လူအများနိုးထချိန်အမီ
ကပျာကယာလှမ်းချီလို့ သူ့ထက်ငါ လျင်မြန်စွာ နဲ့ဈေး ရောင်းနေကြတဲ့ဈေးသည်လေး
တွေ..


အိပ်ယာထ ဖို့ အပျင်းထူတဲ့နေ့တွေဆိုရင် အပြင်ကနေ မရမက လှုပ်နိုးနေတဲ့ တေးသံတွေ
စည်းချက်ညီညီ ဆိုပြနေတဲ့ ဈေးသည်ပေါင်းစုံရဲ့ ၀မ်းတစ်နပ်ကို သမ္မာအာဇီဝ နဲ့ ရှာစားနေ
ကြတဲ့ လောကဒဏ်တေးသွားတွေ....

နေ့စဉ်နဲ့အမျှ ကြားသိရတဲ့တေးရောင်စုံကြောင့်အိပ်ယာက နိုးထဖို့တွက်ပျင်းရိဖင့်နွဲ့နေတဲ့ကိုယ်တစ်ယောက်အပြင်ကကြားရတဲ့နှိုးစက်သံတွေကို အိပ်ယာထက် ကနေလွန်ဆန်ဖို့ မဖြစ်တဲ့အခါမှ လေးတွဲစွာနဲ့နိုးထ..တစ်နေ့တာကိုအစပြု မယ့် ဟန်ပြင် ကိုယ်လက်သန့်စင် ဖို့ ရေချိုးခန်းထဲ ပေါ့ပါးခြင်းမဲ့ ခြေလှမ်းများနဲ့ အတူ...

ဝေလီဝေလင်းမနက်ခင်း ၊ လူသူ မသဲကွဲခင်တည်းက တစ်နေ့တာ ၀မ်းဝဖို့ ရည်ရွယ်လို့
အေးတဲ့ရာသီ ကိုမမူသလို မာန်တင်း တစ်ချို့က ဖောက်သည်ပေးမယ့်ဆိုင်ကို အလုယက်ပြေး
တစ်ချို့ က ကိုယ်တိုင် ကြော်လှော်စီမံထားတဲ့ မနက်စာ လေးတွေကို ဗန်းထဲထည့်
သနပ်ခါးပဲကြားရိုက်လို့ အတော်သင့် မနွမ်းယုံအ၀တ်လေး တွေကိုယ်မှာ ရုံထည်လို့
လမ်းမ ပေါ်ထွက် ကာ..ဆိုနေကြ ဟစ်နေကြ စည်းချက်လွတ်သံစဉ်အတိုတစ်ဖြတ်ကို
ပေါ့ပါးလွတ်လပ်စွာအော်ညည်းရင်း နေမထွက်ခင် မနက်စာ မလွတ် အောင်
အလ် ိဳ လ် ိဳလွႈပ္ရွားၾကတဲ့ မနက်ခင်းရဲ့ နှိုးစက် လေးတွေ...

မိသားစု တစ်ခုကို ရရာအလုပ်နဲ့ ရိုးသားစွာ ရှာကျွေးနေကြတဲ့ နှိုးစက်လေးတွေ
ကဖြင့် သူ့တာဝန်ကို ဓာတ်ခဲ မကုန်မချင်း သံပတ်မကုန်မချင်း တာဝန်ကျေ စွာ
ထမ်းဆောင်နေရင်း သူတို့ဘ၀ကို တစ်ခါလေများမှ ညည်းငွေ့ဟန်မတူ တဲ့
လန်းဆန်း တက်ကြွတဲ့ခြေလှမ်းတွေ က အကြော်တစ်ချပ်ကို ပြန်ရတဲ့တန်ကြေး
တစ်ရာ နဲ့မနက်ဖြန်တိုင်းမှာ တစ်ရာတန်တေးတွေ လမ်း မ တွေ ပေါ်မှာ... လမ်းကြို
လမ်းကြားမှာ ဟိုဝင်ဒီထွက် နေမတက်ခင် အော်ညည်းနေအုံးမယ့် လောကဒဏ်ရဲ့
သူရဲကောင်း လေးတွေ ... ကိုယ့်ရဲ့ နှိုးစက်လေး တွေ ကို ဖြင့်ရင်ထဲက နေ လေးစားဂုဏ်ယူ
မိရင်းနဲ့......။

No comments: