Sunday, March 15, 2015

လ , သာ ညဆီ

 
 ဆွေးသူကိုမငှဲ့ညှာ
အမြဲသာနေတဲ့
လ...ယမင်းကို
ဒီတစ်ည မှာ
တိတ်တဆိတ်
ရိပ်ရိပ်လေး မေးမိတယ်
ချ စ်သူ အပျောက်
ဘယ်ဆီ ရောက်ကာ
သိ စမ်း ခဲ့ ရင်
လေပြေတစ်လှမ်း
ကြယ် တစ်မြန်း မှာ
လ ရုပ် မနွမ်းခင်
ညတစ်ပုဒ်ဆန်းအောင်
ပြောပြ ပေး ခဲ့ ပါ
ကြယ်မငိုသောတစ်ည
လေ ပြေတွေ ဆော့ပြေးကစား
လ..အလင်းရဲ့ ကြား
ရောင်မပီ ၀ိုးတစ်ဝါး
တမင်နောက်လေ လား
စိတ်ထင်မှား ပြီ
ကြယ်စုံ ဒီတစ်ည
တိမ် မရွှေ့ခင် ခဏ
တစ်ဆင့်စကားပါး
ချစ်သူရယ် ငှဲ့ သနား
ည အလင်းမနားခင်
လ မင်း အနားဆီ
တစ်ခါ ပြန်လာ.. ပေး...ပါ....။

No comments: