Sunday, March 15, 2015

with sympathy



မေတ္တာတွေ ခေါင်းပါးနေ
သစ္စာတွေ
အတောင်ပံတပ်
လွင့်ပျံ ထွက်ခွာချိန်
ချစ်ခြင်း ဆိုတာ ဗလာနတ္ထိ
အချင်းချင်းသတ်ဖြတ်
ညှင်းဆဲ ကြလေ ပြီ
မလိုမုန်းတရား
ရန်လို အငြိုး ထား
လောဘ သားကောင်များစွာ
သဘာဝဘေး
ရောဂါဘေး
ကပ်ရောဂါများ
လွန်ထူပြား
ဆင်ခြင်မိ ကာ
တစ်ခဏတာ
ခန္ဓာဒီစက်
တစ်နေ့ရပ်
ဘယ်လိုစခန်းသွားရမှာ
လူနဲ့လူချင်း
ဘာကြောင့်ညှင်း
စာနာခြင်း ဆိုတာ
ဘယ်ဘုံဘဝ
ကြုံဆုံသမျှ
ပေးဆပ် ရမှာဓမ္မတာ

 တစ်နေ့၊တစ်မိနစ်
တစ်စက္ကန့်
စာနာခြင်းထဲမှာ
နေထိုင် လုပ်ကိုင်ကြံစည်သမျှ
ကြိုးစားကြည့်လိုက်ပါ
မမြဲခြင်း မှာ
ရဲဝံ့ကာ
ရှင်သန် နေရင်း
နောင်ဘ၀ခရီး
တစ်နေ့မညည်း
ငြိမ်းချမ်း မှု များစွာ....။

No comments: