Thursday, March 5, 2015

VIP ချစ်သူ

 
နင်နဲ့ငါ ဆုံဆည်းခြင်း က
လွဲမှားခြင်း တစ်ခု
အမှားတွေ ကို
အက္ခရာတင်ဖို့
ဝေဒနာဆေးမှင်စက်တွေ နဲ့
အတူ ရေးခြယ် ခဲ့ လေမှန်း
သိထားနှင့်ရင်
အချစ်တံတား တစ်စင်းကို
အပြစ်များနဲ့ ကူးဖြတ်ဖို့
ငါတို့ ဆောက်လုပ်ခဲ့ မှာလား
အသိတရားတွေ ထဲမှာ
နင် က အခု
အလွမ်းတွေ ရဲ့
ဟိုး.. တမလွန်မှာ
နင်ဖျော်တိုက်ဖူးတဲ့
ကြည်နှုးမှု ဂန္တ၀င်တေးတွေ
လှပစွာ ရင်ခုန်မူး ဝေ လို့
နားတစ်စုံနဲ့ အလွမ်းကုန်အောင်
ရစ်မူးခဲ့ ဖူးပါတယ်
ပျော်နေရဲ့လား လို့
တစ်ခါ တစ်လေများ မှ
မေးမသွားတဲ့
အတိတ်တွေ ကို
ငါ တိတ်တိတ်လေး မြို ချ ဖူးတယ်

ရင်ခုန်ခြင်းတွေ မှာ
နင်လည်း အတူ
ပြုံး ပျော်ခဲ့ ဖူး တာ
အခုများမှ
မသိကျေးကျွံ့ ပြု
ပြဇာတ်သစ်တစ်ခု ထွက်ဖို့
မနားမနေ အသုံးတော်ခံ နေတာ
နင် ဆို...ပါ
နင် ပြုံး ကာ , က
ဟာကွက်မရှိလုပ်ဇာတ်အတု တွက်
ပရိသတ် ထု တွေ ထဲမှာ
အပြု သဘောနဲ့သြဘာ ပေးနေမယ့်
နင့် ရဲ့
တစ်ချိန်က VIP ချစ်သူ...။

No comments: