Thursday, March 5, 2015

နွေသွန်းပုံရိပ် ( ကံ့ကော်တွေ့ရင် )

 
ဟိုမှာဒီတွေ့ကံ့ကော်ပွင့်တွေ
မြင်ရ လေမှ
အော်
နွေရောက်ပြန်မပေါ့
တစ်ခါ က ဆိုတာတွေ
တစ်ချိန်က ဆိုတာတွေ
အမှတ်တရ ပေါင်းများစွာ
ကံ့ကော်ကို မြင်လေမှ
လှုပ်ကာလန့်
နှိုးလိုက်လေသလား
အတိတ်နွေ များစွာ
ပူလွန်းသောနွေတစ်ကျိုက်
အချစ်တွေနဲ့ခပ်တိုက်သွားသူ
အကြင်နာ အိုအေစစ်
ရင်ထဲ ထိအေးစိမ့်ဝင်လို့
နွေ နေ့ခင်းတွေကို
အချစ်တွေနဲ့ဖြေရှင်းခဲ့တာ
ဝါရွှေကံ့ကော်
သူသိအုံးမှာပါ
ကြိတ်လွမ်းခဲ့တဲ့
အတိတ်နန်းရဲ့အရှင်
ပန်း ဆက် သခင်
ကျွမ်းသိရင် ဖြင့်
ကံ့ကော်ရနံ့
ရှုတစ်ရှိုက်မှာ
နွေသွန်းပုံရိပ် 

 လျှပ်တစ်ပြက်
အတိတ်တွေ
တမ်းတမြင်ယောင်
သူလည်း တစ်ကယ်
လွမ်းနေ အုံးမှာ
ကံ့ကော် သခင် (မြင်ရင် )
သူလည်း အစဉ်
မှတ်မိ နေ အုံးမှာ ပါ...။

No comments: