Thursday, March 5, 2015

အောင်မြင်မှု ဆိုတာ




စစ်ပွဲတစ်ပွဲကို ၀င်ရောက်တိုက်ခိုက်ပြီး အောင်ပွဲတွေဆွတ်ခူးလာနိုင်တဲ့ စစ်သူကြီးတစ်ယောက်
ကိုမှ အောင်နိုင်သူလို့ သတ်မှတ်ရမှာလား
ဒါမှမဟုတ် သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးနှက်သတ်ပုတ်လို့ တစ်ဖက်လူ လဲကျ... ပြန်မထနိုင်
တဲ့ အောင် မြင်မှု မျိုးကို ဆိုလိုတာလား

ရန်သူနယ်မြေကိုလည်း မသွားရဲ ပါ ၊ သူတစ်ပြန်ကိုယ်တစ်ပြန်လည်း ထိုးနှက်သတ်ဖြတ်ဖို့
တွက်အားအင်မရှိခဲ့ပါ....


စစ်ဆိုတာလည်း အင်အားကြီးမားတဲ့ ဖက် လက်နက်အင်းအား လူအင်အား , အားသာတဲ့
ဖက်က အနိုင်ရစမြဲ မို့ ခေါင်းဆောင်တစ်ယောက် နာမည်ရဖို့တွက် အသေခံတိုက်ခဲ့ရတဲ့
စစ်သား ပေါင်းများစွာရဲ့အသက်နဲ့လဲခဲ့တဲ့အောင်မြင်မှု

ကိုယ့်ရဲ့ခွန်အားဗလ ကိုအသုံးချ ပြီး ရက်စက် နိုင်မှ ရမယ့် အောင်မြင်မှု
တစ်ပါးသူရဲ့မျက်ရည်တွေ အသက်တွေ ဘ၀တွေစတေး ရမှ ရလာမယ့် အောင်မြင်မှု
ဒါတွေဟာ စစ်မှန်ပါရဲ့လား ၊ တစ်ကယ်ရော အောင်မြင်သူတွက် ပျော်ရွှင်နိုင်ပါရဲ့လား
သူတို့တွေရဲ့ဟာကွက်တွေ လုပ်ရပ်မှားတွေကို မသိကျေးကျွန်ပြု လို့ အောင်မြင်မှုမှာ
တစ်ခဏတာယစ်မူးနိုင်ပေမယ့် ငြိမ်းချမ်းမှု မရှိတဲ့ ရလဒ်တွေ က ကိုယ့်ရဲ့လိပ်ပြာ
ကိုယ့်ဝိဥာဉ်ကို လွတ်မြောက်မှု ပေးနိုင်ရဲ့လား ၊ အေးချမ်းမှု ရှိပါရဲ့လား...


အောင်မြင်မှု ကို လူသားတွေသဘာဝ တပ်မက်လိုချင်ကြတာမဆန်းပေမယ့်
စစ်မှန်တဲ့အောင်မြင်မှု တရားသော အောင်မြင်မှုသူ့ဖက်ကိုယ့်ဖက် နစ်နာမှု မရှိနိုင်တဲ့
အောင်မြင်မှု မျိုးကို မှ အောင်မြင်မှု အစစ်မှန်လို့ ဆိုလိုချင်ပါတယ်
တစ်ခါတစ်ရံ မှာ မနိုင်လို့သီးခံ ရခြင်းမျိုးဖြစ်ချင်ဖြစ်မယ် ၊ ကြောက်လို့ ရှက်လို့
အားအင်မမျှ လို့ ချို့ တဲ့ နေလို့ ကိုယ့်ထက်ရာထူး စည်းစိမ် အစစအရာရာမြင့်မား
နေလို့ အရှုံး ပေးရခြင်းမျိုး အများစု ကြုံ ဖုး ကြပါလိမ့်မယ်

 ဘယ်လို ရှုံးနိမ့်ခြင်းမျိုး၊ အနိုင်လို ခြင်းမျိုးမဆို မကျေ နပ်မှု တွေ ဒေါသတွေ အငြိုးတေး
တွေနဲ့ ပူလောင်ရပါတယ်...


အားနည်းနေတဲ့သူကို အနိုင်မယူချင်တဲ့စိတ် ၊ ကိုယ် နိုင်မှန်းသိရက်နဲ့ အနိုင်မယူတဲ့စိတ်
အားနည်းချက် လိုအပ်ချက်တွေကို အခွင့်ကောင်းမယူတတ်တဲ့စိတ် ကိုယ်ပိုင်ဆိုင်တဲ့
အလင်းရောင် တစ်စွန်းတစ်စ ကို မှီခို အားပြု အမှောင်ရှင်းရတဲ့သူတွေ အပေါ်မှာ
စာနာစိတ်ထား ပို ၍ ပို၍ လင်း စေ အားထုတ် ကြိုးစား ၀ံ့တဲ့သူတွေ.....


နိုင်လိုစိတ်များ
နိုင်စိတ်ထားက
နိုင်ပင်နိုင်ငြား
နိုင်စေ အားလည်း
မမြဲ ရွင်ပြုံး
အပြုံးတစ်ခဏ
နှလုံးမလှ
ယူကျုံးမရ
ပင်ပန်းလှသည်...

ကိုယ်က အနိင်
ပြု ရက်မှန်လည်း
နိမ့်ရာသည်မြေ
လှံ မစိုက်လို၍
အနိုင် မပိုင်း
အရှံးများပေါ်
နှလုံး ဘ၀င်လှ
ပြုံးအစဉ် ရ ဖို့
အားထုတ် ကြိုးစား
အောင်စေ သူသာ
စစ်ပွဲတရာ
နိင်ပွဲ များစွာ
နွှဲသူ စင်စစ်
အောင်ခြင်း နိမိတ်
အောင်ခြင်းအတိတ်
ရန္မ် ိဳ းမ်ားစြာ
ငြိမ်း(အေး) စေနိုင် သူ...။

No comments: