Sunday, March 15, 2015

အတိတ်လွမ်းရိပ် ဆီ


မပျော်တဲ့ညတွေ
ရင်ခွင်တစ်ဖက်ခြားပေမယ့်
ပြန်လာ ခဲ့ပေးပါ ချစ်သူ
နွေ အရိပ်အောက်
ကြွေ တစ် ရွက်မခြောက်ခင်
ဖြေသိမ့်ကာ
စောင့်မျှော် နေ တတ်တဲ့
ဟိုး အဝေးက
အတိတ်လွမ်းရိပ် ဆီ တစ်ခါ
နွေ မအိပ်ခင်
အရောက် ပြန် လာ ပေးပါ
အကျွမ်းတစ်ဝင်
အသည်း တစ်ခု
နွမ်းနယ် စ မပြု ခင်
အတိတ်ရင်ခွင် အို ဆီသာ
နောက်တစ်ခါ
ရင်ခွင် ရက်မခြားဖို့
ဟိုး အရင်
အတိတ်ဆီ
အလည်ပြန်လာ
ကြို သူ ချစ်ရက်
နွေကြို သစ်ခက်လို
ကြွေ ရက်တွေကို
ခြွေ ဖျက်
အချစ်ပင်ပျို ရွက် ဝေဆာ
နွေ မအိုခင်
ကိုယ့် အနား
ပြန်လာ ခဲ့ ပေး တစ်ခါ..။


No comments: