Sunday, March 15, 2015

မကြာခဏ

 
ချစ်စိတ်ဖြေ
တိတ်တိတ် နေပေမယ့်
တားမရတဲ့ အချစ်စည်း
တို့နှစ်ယောက် ကြား
ဝင်လာ စည်းတား
နေရာချင်း ခြားပေမယ့် လေ
အချစ်နဲ့ အလွမ်းမှာ
အပြစ်ဖွဲ့ မုန်းစရာဆို
အချစ် သက်သက်သာ
ရှိ ခဲ့ တာ ပဲ လေ
ဘယ်လိုအကြောင်းတရား
ဝင်လာ ချောင်းခြားပေမယ့်
အလွမ်းရယ်အချစ်ရယ်
အပြစ်ဆိုတဲ့ ကမ်းတစ်ဖက်
အချစ် တွေနဲ့ လှမ်းတက်ဖို့
တို့လိုအပ်တာ
မင်းပေးမယ့် အကြင်နာ
တစ်နေ့ ဆုံးရင်
တစ်ရက် မမုန်းဖို့
အမြဲလို လက်သုံးစကား
ချစ်သူ နှုတ်ဖျား မှာ
သိပ်ချစ်တယ် ဆိုစကားသာ
မကြာခဏ
ကြားခွင့် ရ ချင် တဲ့သူ ပါ...။

No comments: