Sunday, March 15, 2015

သူ့ အတွက် ကျ မ



သူပေါ့
အချစ် လို့အမည်တပ်ပြီး
အမုန်း ၀င်ရိုးစွန်းတစ်နေရာကို
အရှိန်ပါပါ
ကန်ထုတ်ခဲ့ တဲ့သူ
ကျ မ လိမ့်မကျ ခဲ့ပါဘူး
ဒါပေမယ့်
ဒါပေမယ့် ပေါ့
တန်ပြန်ဝဋ်ဒုက္ခတွေ
သူ့အနားရောက်မလာမချင်း တော့
ကန်ချက်ပြင်း ခဲ့လေမှန်း
သူနားလည်ခဲ့ပါ့မလား
ခံစားချက်အပြည့်နဲ့
မာန်ပါပါ အမုန်း ဓားတွေကို
ကျ မအတွက်
တမင်ရည်၇ွယ်
ထုတ် သွေး ခဲ့ တုန်းက
သိပ်ပြီး ထက်ရှခဲ့ မယ်ဆိုတာ
သူ သိ ခဲ့ ပါ ရဲ့လား
ကြင်နာခြင်း တွေကို
နာကျင် ခြင်း နာမ်စား ပြောင်းဖို့
သူ့ စကားတွေ အခုထိ
modern ဖြစ်နေ ဆဲ ပေါ့ လေ
တစ်ခါတစ်လေ
တိုက်ခတ်လာတဲ့

အယောင်ဆောင်လေညှင်း တစ်ချက်မှာ
ညင်သာစွာ ကျင်လည်ဖူးတဲ့ ကျ မ
ဟာရီကိန်း မုန်တိုင်းတစ်ခု အဖြစ်
ပြောင်းလဲမွှေ ခံဖူး မှ
လေဖိအားနည်း ရပ်ဝန်းမှာ
ရပ်တန့် တည်ရှိနေတဲ့
ကျ မ နှလုံးသား
စုတ်...ဖဲ့... ခြောက်
ကြောက်ခဲ့ လေ သော အခါ
သူ ဆိုတဲ့ မာယာရှင် တစ်ယောက်
လတ်ဆတ်သစ်လွင်မှု တွေ နောက်
ကောက်ကောက်ပါအောင် လိုက်ဖို့
သူပိုင်နှလုံးသားတစ်ခုကို
မူပိုင် ကျ မအတွက်ရယ်လို့
တမင်လိမ်ညာ
အရှုးလုပ်
နာကျင်မှု ပြတိုက်ထဲ မှာ
လူတကာ ဟား တိုက်ခံဖို့ ၇ယ်
သူ တမင်
သော့ခတ်ထားခဲ့ လေတယ်
ရက်စက်ခြင်း စေညွှန်ရာမှာ
အရှိန် ယူ ပျော်မွှေ့ပါ လေ ..စ
သူ့ အ တွက်
ကျမ
ဆုခြွေ ပေး ခဲ့ပါတယ်
အသစ်တွေ အသစ်တွေနဲ့
အချစ်တွေ အမြဲ
up to date ဖြစ်ဖို့တွက်...။

No comments: