Thursday, July 10, 2014

တော် ၀င် နှင်း ဆီ



 
 တော်ဝင်နန်း    ထက်..
လူတကာအားကျတဲ့...
အရှင် ရဲ့ မိဖုရား....
 လေဒီ.. ဒိုင်ယာ နာ..

ပင်မြင့် စံ ပန်း....
တင့်...နန်း... ထက် မှာ.....
အချစ် မပါ ရင်ခွင်နန်း...
မှေး စက် လို့....အိပ် မပျော်....
နိဂုဏ်း မလှ...အဆုံး သတ် ဘ၀...

သူ့ အပြုံး လှလှ အောက်မှာ....
ညိုး ရော်...ပွန်းပဲ့..
နှလုံးသားအတုတစ်ခု နဲ့....
မာယာ လက်စုံ... ပွေ့ဖက် ထား မှု့ အောက်မှာ...
  နှစ်များ အတော် ကြာ....
  တော်ဝင်... မျက်ရည်....စက်...
အဖိုး မတန် ကြွေ ခဲ့...

နန်းထိုက်....နှင်းဆီ...
   နွမ်း ကြွေ ပျက်....
  အလွမ်း တွေ နဲ့....
သမိုင်း ရာ ဇ၀င် မှာ....
  နှလုံး သွေးစက် ....
  ချေ ဖျက် စတေး...

 အချစ် မဲ့ နန်း ပလ္လင် ကို...
စွန့်ခွာ သွားတာ...
  သွေး စက် များနဲ့ ပါ လား...
မင်းသမီး ဒိုင်ယာနာ..

.သွေးစက် များ နဲ့ ပါ လား....။
တောင်ဇလပ်

No comments: