Monday, July 21, 2014

ကျ မ ချစ် သော အမေစု


Photo: " ကျ မ  ချစ် သော   အမေ စု ''

အမေ  .. နေကောင်းရဲ့လား....
 သမီး ဒီ နေ့ အမေ့ အကြောင်းစဉ်းစား မိတယ် အမေ....
 သမီး ...လေ ..၀မ်းနည်းစရာ တွေ ကြုံရ ရင်.....အားငယ်စရာတွေ ကြုံ ရရင်...
စိတ်ဓာတ်တွေ ကျ တဲ့ အခါ တွေ ဆိုရင်....သမီး ရဲ့ အဖေ ကိုတမ်းတ မိတယ် အမေ...
သမီး အဖေ့ကို တွေ့ချင်မိတယ်...အဖေ့ ရဲ့ အားပေးစကားတွေ ကြားချင်တယ်...နှစ်သိမ့်မှု တွေ
ရော လိုချင်တယ် အမေ....

ဒီကနေ့ မှာ ...အမေ လည်း ဘယ်သူမှ မမြင် နိုင်တဲ့ ကွယ်ရာ မှာ တိတ်တိတ်လေး များ ငိုနေမလား...ဘယ်သူ မှ မသိတဲ့နေရာ မှာ စကားတွေ ပြောနေမလား...
သမီး  ခံစားမိတယ် အမေ....

အမေ့ အပြုံး တွေ အောက်မှာ...ဘယ်လို ဝေဒနာတွေ ခံစားနေရမလဲ၊ အမေ ဘယ်လောက်များ
မာန်တင်းထားမလဲ ဆိုတာ သမီး ရဲ့....အတွေ့ကြုံ နုနု လေး နဲ့ ယှဉ်ကြည့် ရင်တောင်  မှ
မြင် နိုင်ပါတယ် အမေ...
တစ်ခါတစ်ရံ မှာ...သမီး ရဲ့ ဘာမဟုတ်တဲ့ဂုဏ်သိက္ခာ တစ်ခု မှာ ဟန်ဆောင်မြိုသိပ် နေရသေးတာ
လေ...ဟန်ဆောင် ပြုံး နေရသေးတာ...
အမေ လည်း ဟန်ဆောင်မှု တွေ နဲ့ တော်တော်အကျွမ်းဝင် ခဲ့ ရောပေါ့နော်....

 ဒီကနေ့ အာဇာနည်နေ့ မှာ ...အမေ .မိန်းမသား ပီသ စွာနဲ့...ဖခင် ဗိုလ်ချုပ်ကို အပြစ်တင် နေမလား ၊
ဖြေရှင်းချက်တွေ တောင်းခံ နေမလား ၊ ဒါမှမဟုတ် ရှေ့ဆက် ဖို့ တွက် ခွန်အားတွေ တောင်းနေ
မလား....
ဒါတွေ ပြီးရင် ...အမေ ခံစားလို့ ၀ရင်.. မျက်ရည်သုတ် လို့အာဇာနည်တစ်ယောက် ရဲ့ သမီးပီသ စွာနဲ့...သမီး တို့
တွေ ကိုကြည့်ပြီး အားပြန်တင်း နေမလား ဆိုတာ..သမီး  ဒီကနေ့ မှာ...အမေ့ကိုသတိတရနဲ့
မြင်ယောင်နေမိတယ် အမေ....
 အဖေချစ်တဲ့သမီးတိုင်း မှာ...အဖေနဲ့ပတ်သက်တဲ့ခံစားချက် တွေ အပြည့်ရှိနေမှာသမီးနားလည်
လို့...အာဇာနည်ရဲ့သမီး ကောင်း ၊ တိုင်းပြည်ရဲ့ မိခင် ကောင်း..ပီသစွာနဲ့ပဲ အမေ...အားတင်း ထား လိုက်ပါနော်...အားတင်းထားပေးပါ...အမေ....။

အမေ စု ကို ချစ်တဲ့စိတ်နဲ့ ရေးရခြင်းပါ...နိုင်ငံရေး နှင့် မသက်ဆိုင်...
မေစနိုး
 
 
အမေ .. နေကောင်းရဲ့လား....
သမီး ဒီ နေ့ အမေ့ အကြောင်းစဉ်းစား မိတယ် အမေ....
သမီး ...လေ ..၀မ်းနည်းစရာ တွေ ကြုံရ ရင်.....အားငယ်စရာတွေ ကြုံ ရရင်...
စိတ်ဓာတ်တွေ ကျ တဲ့ အခါ တွေ ဆိုရင်....သမီး ရဲ့ အဖေ ကိုတမ်းတ မိတယ် အမေ...
သမီး အဖေ့ကို တွေ့ချင်မိတယ်...အဖေ့ ရဲ့ အားပေးစကားတွေ ကြားချင်တယ်..
.နှစ်သိမ့်မှု တွေရော     လိုချင်တယ် အမေ....

ဒီကနေ့ မှာ ...အမေ လည်း ဘယ်သူမှ မမြင် နိုင်တဲ့ ကွယ်ရာ မှာ တိတ်တိတ်လေး များ ငိုနေမလား...ဘယ်သူ မှ မသိတဲ့နေရာ မှာ စကားတွေ ပြောနေမလား...
သမီး.... ခံစားမိတယ် အမေ....

အမေ့ အပြုံး တွေ အောက်မှာ...ဘယ်လို ဝေဒနာတွေ ခံစားနေရမလဲ၊
 အမေ ဘယ်လောက်များမာန်တင်းထားမလဲ ဆိုတာ သမီး ရဲ့....
အတွေ့ကြုံ နုနု လေး နဲ့ ယှဉ်ကြည့် ရင်တောင် မှ မြင် နိုင်ပါတယ် အမေ...
တစ်ခါတစ်ရံ မှာ...သမီး ရဲ့ ဘာမဟုတ်တဲ့ဂုဏ်သိက္ခာ တစ်ခု မှာ 
ဟန်ဆောင်မြိုသိပ် နေရသေးတာလေ...ဟန်ဆောင် ပြုံး နေရသေးတာ...
အမေ လည်း ဟန်ဆောင်မှု တွေ နဲ့ တော်တော်အကျွမ်းဝင် ခဲ့ ရောပေါ့နော်....

ဒီကနေ့ အာဇာနည်နေ့ မှာ ...အမေ .မိန်းမသား ပီသ စွာနဲ့...
ဖခင် ဗိုလ်ချုပ်ကို အပြစ်တင် နေမလား ၊ဖြေရှင်းချက်တွေ တောင်းခံ နေမလား ၊
 ဒါမှမဟုတ် ရှေ့ဆက် ဖို့ တွက်   ခွန်အားတွေ တောင်းနေမလား....
ဒါတွေ ပြီးရင် ...အမေ ခံစားလို့ ၀ရင်.. မျက်ရည်သုတ် လို့အာဇာနည်တစ်ယောက် ရဲ့
 သမီးပီသ စွာနဲ့...သမီး တို့တွေ ကိုကြည့်ပြီး အားပြန်တင်း နေမလား ဆိုတာ..
သမီး ဒီကနေ့ မှာ...အမေ့ကိုသတိတရနဲ့ မြင်ယောင်နေမိတယ် အမေ....
အဖေချစ်တဲ့သမီးတိုင်း မှာ...အဖေနဲ့ပတ်သက်တဲ့ခံစားချက် တွေ အပြည့်ရှိနေမှာသမီးနားလည်
လို့...အာဇာနည်ရဲ့သမီး ကောင်း ၊ တိုင်းပြည်ရဲ့ မိခင် ကောင်း..ပီသစွာနဲ့ပဲ အမေ...အားတင်း ထား လိုက်ပါနော်...    အားတင်းထားပေးပါ...အမေ....။
တောင်ဇလပ်

အမေ စု ကို ချစ်တဲ့စိတ်နဲ့ ရေးရခြင်းပါ...နိုင်ငံရေး နှင့် မသက်ဆိုင်..

No comments: