Thursday, July 31, 2014

ပိုး ဖလံ လေး လား



 
ပူ လောင် ပါ တယ် ဆို မှ....
ကျွမ်း ပါ စေ တဲ့ လား....
ခါး သက် ပါတယ် ဆို မှ...
တစ်ရှိုက် မက်မက် ...

တပ်မက် ချင်.. သတဲ့လား....
မင်း က....
ပိုး ဖလံ လေး ... ပဲ လား...
မီး... ကို မှ....
  ဆော့ကစား ချင်...သူ...ရယ်...

အချစ် ရဲ့ ....အခြားတစ်ဖက် မှာ...
ဘာ တွေ များလည်း.....
သိ နေတာလား....
မသိချင် တာလား ကွယ်...
ထပ်ထပ်... ပြော လည်း...
ဆွံ့ အ နှု တ် ဆိတ်....
နား ပိတ် ထား သူ ရယ်...
အချစ် ကို ဆော့ကစားရင်...
မင်း တစ်နေ့ မော မှာ ဆိုးတယ်....
အချစ် ကို လျော့တွက်ရင်...
မင်း တစ်နေ့.....
အခက် တွေ့  လိမ့် မယ်...
...

ရင်ခုန် တာတွေ ရဲ့ အဝေးကို...
မင်း   တိတ်တိတ် လေး သွားကြည့် ...
  အေးစက်ခြင်း တွေ..

ငြီးငွေ့ ခြင်းတွေ ... တွေ့ ရင်..
မင်း ပြန် လှည့် .... ပြေး မယ့် အချိန်...
ငါ ရေး ရေး လေး... မြင်ယောင် နေမိ တယ်....
ပိုးဖလံ လေး......
ရှေ့ဆက် မလှမ်းခင်...
ဒီ မှာ တင် ပဲ ....
ရပ် တန်း ရပ် လို့...
ခပ် တန်းတန်း ပဲ နေ ကြ .... စို့ ရယ် ... နော်
...။

No comments: