Monday, July 21, 2014

Friend for u

အချစ် အတွက်...
သိပ်ခက်နေတဲ့ သူငယ်ချင်း...
အချစ်တစ်ဖက် မှာ....
အလွမ်း အငွေ့သက် တွေ ရှိတယ်...

မင်း သိပ်ခံစား ရ ရင်....
အဖော် အဖြစ်နဲ့....
နာကျင်မှု တွေ ကပ်ပါလာတတ်တယ်....

မရှောင်နိုင်.... ဒီ သဘော ကို....
မင်း ရော ငါရော ကြုံ ဖူးခဲ့ တယ်...
တစ်ကယ် တော့ မင်း ငို တဲ့ အခါ...
သူ လည်း ပဲ ငို နေမှ ဖြစ်မယ်...
မတော်လို့ မင်း နာကျင်တဲ့ အခါ....
သူ တစ်ယောက် လည်း ခံစားမိ လိမ့်မယ်...

ဒီလို မှ မညီမျှ ရင်...
မင်း ရင် မှာ....ပို လေး လံ ရမယ်

ဝေဒနာ.... ပေါ့ ပါး စေဖို့....
အစိတ်ပိုင်း တစ်ခု လို့ မှတ်ယူ မှ ဖြစ်မယ်...
ဘ၀ တစ်ခုလုံး... မ ပျက်စီး စေပဲ...
အစိတ်ပိုင်းတစ်ခု.... ပျက်စီးသွားယုံ နဲ့...
ဘာ မဆို တစ်နေ့.... မှာ အဆုံး ရှိစမြဲ...

မကြာခင် .... ပြီး သွားမှာပါ ပဲ...
အချစ် ရဲ့ သားကောင်.... အဖြစ် မခံ ပါနဲ့...
ကဗျာ လေး နဲ့ အားပေး လိုက်ပါတယ်...။

တောင်ဇလပ်

No comments: