Monday, July 21, 2014

ပေးဆပ် သူတို့ နှလုံးသား


ပေးဆပ် သူ တို့ နှလုံးသားမှာ...
အမုန်းတရား ဆိုတာ မရှိပါ...

  ပေးဆပ်သူ တို့ နှလုံးသား မှာ...
အစွန်း ရောက် သဘော ထား တွေ မတွေ့ပါ...

  ပေးဆပ် သူတို့ နှလုံးသားမှာ...
ကိုယ် ကျိုး ဆိုတာ ရှာမတွေ့ ပါ...

လူတစ်စုတွက်...
တိုင်း ပြည် တစ်ခုလုံးတွက်...
တစ်ခါတစ်ရံ...
သူ တို့ တွေ လည်း..
ယူ ကျုံး မရခြင်း တွေနဲ့....ပါ...
ကရုဏာ... ဒေါသ တွေ များစွာ...

  ပေးဆပ်ရင်း...ဆက် လျှောက်..
သူတို့ သမိုင်း လှဖို့ မဟုတ်ပါ...
သူတို့ စိတ် ဓာတ် ..ခံယူ ချက် ကြောင့်...
သမိုင်း တစ်ပုဒ် ဖြစ်ခဲ့တာ...
ဒါ တွေ ကို ဆင်ခြင်တတ်ရင်...
မြင့်မြတ် ခြင်း များ တွက်...
ဂုဏ်ယူ လိုက်ပါ...
အလေး ပြု လိုက် ပါ ...

သင်ရော ...ကျွန်ပ် ပါ.....
မပေး ဆပ် နိုင်သရွေ့ ....
သင် ရော ကျွန်ပ် ပါ....
မြင့်မြတ် ခြင်း တွေ နောက် ...
အမှီ မလိုက်နိင် သရွေ့ ပါ...။

တောင်ဇလပ်
အာဇာနည် နေ့ အမှတ်တရ..

No comments: