Thursday, July 31, 2014

မာန မဟုတ် သော အမောက်


 

မာန ဆိုတာ....
စိတ်ပျက်စရာ အလုပ်...
သူေ၇ာ ကိုယ် ရော..
ပင်ပန်းတယ်.....

မရှိ မကောင်း....
ရှိ မကောင်းလို့...
ထိုက်သင့် တဲ့နေရာ...
ငါ.. သိမ်း ထားတယ်.....

 

မြွေ နဲ့ ရသေ့..
ဥပမာ... အလား....

ကြားဖူး သမျှ 
ပြော ပြ မယ်
  မြွေ မှာ ရှိထား....
မာန် စွယ် များ အား.....
ရသေ့ ဟောကြား...
သီး ခံ စိတ် ထား....
သူ့..အစွယ်ကိုပင် ချိုး ထားတယ်...
ရသေ့ စကား ..
အစဉ်မှတ် သား...

တွေ့သမျှ ကို...
ရန် မပြု တယ်...
သက် ငယ် ...သက်လတ်...
လူ ကြီးမကျန်...
ဒုတ် ၊ ခဲ ...ပစ်ပေါက်..
လာ နောက် .. ကြ တယ်...
သွေး သံအ လိမ်း လိမ်း...
ဒဏ် ရာ စိမ်း မှ...
နာကျင်ညည်း ငြူ.....
တစ်ချက် မ ငြူ တယ်....

ဝေဒနာ စိတ် ....
ကြိတ် မြို သိပ် လျက်...
သီးခံ နေ မြဲ...
သီးခံ ဆဲ ကွယ်...
ထို ထို အဖြစ်...
ရှု မစိမ့် လျက်....
ဆရာ ရသေ့...
  မြင်ပြန် လိမ့် ...တယ်...
အို ....အသင် မြွေ...
ငါ မိန့်ကြား ခဲ့.....
ပျင်းစွာ အ မျက်....
လွန်... မထွက် စေ...
သင် ၏ ....အမောက်..

ထောင်...စေ..ခိုင်း တော့...
အမျက် ဒေါသ...
မာန်... မထား လည်း.....
အမောက် ထောင်လျက်...
ကာကွယ်... အံ့ ငှာ..
ကျင့်သုံး.... ပါ ဟု...

.မြွေ ကို မိန့် မှာ...
  ပြောကြား သလို...ပါ.....


ငါ ၏ မာန...
ခ၀ါ.... ချ လည်း..
တစ်စုံတစ်ရာ...
ထိခိုက်ပါ က...
သိက္ခာ နဲ့ရင်း...
မာန မရှင်း.... ချင်...
ထိုက်သင့်... အမောက် ...

ထောင်... ထား အသင့်....
နင်း... ပြား ... မဖြစ် အောင်..

.မြွေ.... ကို.... ပမာ ပေး....
ငါ.... ရေး လိုက်သည်....။

No comments: