Wednesday, July 9, 2014

ထွက် သွား ပေးပါ


Photo: ''  ထွက် သွား   ပေး ပါ ''

ငါ့ အနား  က နေ.....
တိတ်တဆိတ် ထွက်ခွာ  သွားပါ....
ငါ့  အတွေး ကနေ.....
တစ်ဖြေးဖြေး  လေး .....
 ပျောက်ကွယ် သွား  ပေးပါ...
ငါ့   ရင် ထဲ  ကနေ....
.ခြေသံ ဖော့ ဖော့ ...
ညင်သာ  ဖျော့ ရော့...
ဖြစ်တည် ခြင်း  မရှိ ခဲ့ သလို...
အချစ် တွေ  ...မပေးခဲ့ သလို....
ဖွဖွ လေး  နဲ့...ရွ ရွ  လေး...
.ခြေ သံ မကြား.....
နင် .... ပြန်သွားမှန်း မသိအောင်.....
ချန် ထား ခဲ့ ပေး ပါ.....
ကျန် ....ထား.....ရစ် စေ ပါ....
ဝုန်း....ဒိုင်း.... ကြဲ... လို့...
အပြုံး တွေ.... ဆဲ.... ခဲ့ ...သလို...
ခပ်ကြမ်း ကြမ်း နဲ့....
ခပ်ရမ်းရမ်း....
ငါ့  ရင် တွေ...
လှိုင်း ထန် ခဲ့ ဖူး သလို...
 အလွမ်း .... ချောက်ကမ်းပါး တွေ ပြိုကျ....
တစ်လိမ့်လိမ့်  တက် တဲ့...
ရင်ခုန်သံ  လှိုင်း ဂယက်တွေ  ကို...
မုန်တိုင်း ထန်  သွား စေဖို့....
အချစ် လေ ကြမ်းတွေ သယ်ဆောင်လာ  ခဲ့ ဖူးတဲ့...
ဟိုး  အတိတ်က....
ဘေးဒဏ်သင့်... ငါ့ နှလုံး သား ကို...
ပြန်တည်ဆောက်   ပေးစရာမလိုအောင်...
အဆုံး ရှုံး တွေ ..... ကြား က....
ရိုးရိုး လေး.... တောင်းဆို  ပါတယ်....
အပိုင်း စ...ခံစားချက် တွေ ကို....
ကောက်.....ဆက်ဖို့...မကြိုးစား ချင်နဲ့...
ငါ..... တစ်ကယ်....တောင်းပန်တယ်....
တိုးတိုးနဲ့  တိတ်တဆိတ်....
လေငြိမ်  စ.... အနေထား လို...
နင် ... အပြီး   ပိုင် ....ထွက်သွား ပေးပါ....
ငါ့  ဒဏ်ရာတွေ...မနိုး ထ ခင်လေး ပါ....
င့ါ...စိတ်တွေ....အမှတ် မ ရ မှီ လေး ပါ....
ထွက်သွား ပေးပါ.....ချန်ထား ပေးပါ.....
ငါ  အခု.....
ရင်ခုန် သံ..... မှတ်တမ်း တွေ...
.ပြန်....  စီစစ် နေ တဲ့ .... အချိန်လေး..... မှာ..။
မေစနိုး

.
ငါ့ အနား က နေ.....
တိတ်တဆိတ်...... ထွက်ခွာ သွားပါ....
ငါ့ အတွေး      ကနေ.....
တစ်    ဖြေးဖြေး လေး .....

ပျောက်ကွယ်      သွား ပေးပါ...
ငါ့       ရင် ထဲ ကနေ....
.ခြေသံ      ဖော့ ဖော့ ...
ညင်သာ      .... ဖျော့ ရော့...
   ဖြစ်..တည် ခြင်း မရှိ ခဲ့ သလို...
အချစ် တွေ ...မပေးခဲ့ သလို....

ဖွဖွ လေး နဲ့     ...ရွ ရွ လေး...
.ခြေ သံ      မကြား.....
နင် .... ပြန်သွားမှန်း       မသိအောင်.....
ချန် ထား       ခဲ့ ပေး ပါ.....
ကျန် ....ထား.....ရစ် စေ ပါ....

ဝုန်း....ဒိုင်း.... ကြဲ... လို့...
အပြုံး တွေ.... ဆဲ.... ခဲ့ ...သလို...
ခပ်    ကြမ်း ကြမ်း နဲ့....
ခပ်     ရမ်းရမ်း....
ငါ့        ရင် တွေ...
  လှိုင်း    ထန် ခဲ့ ဖူး သလို...

အလွမ်း .... ချောက်ကမ်းပါး      တွေ ပြိုကျ....
တစ်လိမ့်လိမ့်       တက် တဲ့...
ရင်ခုန်သံ      လှိုင်း  ဂယက်   တွေ   ကို...
မုန်တိုင်း ထန်      သွား စေဖို့....
အချစ် လေ ကြမ်းတွေ       .....သယ်ဆောင်လာ ခဲ့ ဖူးတဲ့...
ဟိုး .....အတိတ်က....
 ဘေးဒဏ်သင့်... ငါ့ နှလုံး သား ကို...
ပြန်တည်ဆောက်..... ပေးစရာမလိုအောင်...
အဆုံး ရှုံး တွေ ..... ကြား က....
ရိုးရိုး လေး.... တောင်းဆို ပါတယ်..
..
   အပိုင်း စ...ခံစားချက် တွေ ကို....
  ကောက်.....ဆက်ဖို့...မကြိုးစား ချင်နဲ့...
   ငါ..... တစ်ကယ်....တောင်းပန်တယ်....
  တိုးတိုးနဲ့ ......တိတ်တဆိတ်....    
လေငြိမ် စ.... အနေထား     လို...
နင် ... အပြီး ပိုင် ....ထွက်သွား      ပေးပါ....

ငါ့ ဒဏ်ရာတွေ...မနိုး ထ      ခင်လေး ပါ....
င့ါ...စိတ်တွေ....အမှတ်      မ ရ မှီ လေး ပါ....
ထွက်သွား ပေးပါ.....ချန်ထား      ပေးပါ.....

ငါ အခု.....
ရင်ခုန် သံ..... မှတ်တမ်း တွေ...
.ပြန်.... စီစစ် နေ တဲ့ .... အချိန်လေး....တွင်း.... မှာ..။
တောင်ဇလပ်



No comments: