Monday, July 21, 2014

ခံစားမှု အပိုင်းစ




 'လိုရာ သွား...ပျော် ရာ  နားပါ...ငှက်ငယ် ရယ်...ငါ့ ရင် ကို... စုံကန်လို့
 မင်း ခြေရာ ထင်ကျ န် ရစ်တောင်မှ..အပြုံး မ ပျက် မင်း နှုတ်ဆက် မှာ ကြောက်နေသူပါ....''
ဟိုး အရင်က ရေးခဲ့မိတဲ့ ကဗျာ အဟောင်းလေး တစ်ပုဒ် ၊ အခုတော့ အသက်ဝင်နေပြန်ပြီ
ေေ ကော ၊ ''အမှတ်မရှိတဲ့ဒီအသဲ...ကျွမ်း တာပဲ ကောင်းပါတယ်၊'' အင်း...!တိုက်ဆိုင်သွားပြန်ပြီ..
တိုက်ဆိုင်တိုင်း တော့ လွမ်းခွင့်ရှိမယ်ဆိုရင် ၊ သတိရတိုင်း ဆိုခွင့်ရှိမယ်ဆိုရင်...
ကိုယ် ဒီနေ့ မင်း ပေးဖူးတဲ့သီချင်းတွေ နားထောင် နေလိုက်မယ် ၊ အခါခါကျွမ်းတဲံ့ ဒီရင်
မှာ အရှိန်ယူ စရာသိပ် မလိုတော့ဘူး လေ....

နားလည်ပါတယ်....အပြစ်မတင် ပေမယ့်၊ ခွင့်လွှတ်ပေမယ့် ၊ သစ္စာ တစ်ခု မြတ်နိုး တန်ဖိုး
ထား နေ မိတဲ့ ကိုယ့် ရင် မှာ ဒီထက်လည်း ပို မနာကျင် နိုင်တော့ပါဘူး ၊ ရပါတယ်
  ပျော်ပါစေ ၊ မှားပါတယ်လို့တော့ မပြောချင်ဘူးလေ ၊ အချစ် ဆိုတာ မှားဖို့ချစ်တာမှမဟုတ်
တာ ချစ်နေသရွေ့ တော့ မှန်နေမှာပဲလေ....

မင်း ဆို ခဲ့တဲ့ အတိုင်း ကျေ နပ် ပါတယ်၊ ပျော်ရွှင်ခဲ့မိလို့ ၊ ပျှော်ရွှင် ဖူး လို့ ပါ၊ လှည့်ကြည့်
စရာမလိုအောင် ကိုယ့်ဘ၀ က မင်းသိသင့်တဲ့အနေထားမှာပါ၊ ဒီအတိုင်းလေးလည်း ကိုယ်
ေ  နေတတ်မှာပါ၊ ဒါပေမယ့် ကိုယ့် နှလုံးသားကိုတော့ ထာဝရ မြေမြှပ်လိုက် ပြီ...မင်းသိ သိ
မသိ သိပေါ့....

လွယ်လွယ်နဲ့ မချစ် တတ်တဲ့ နှလုံးသား ကို လွယ်လွယ်နဲ့ထားသွား တာ ....မင်း အတွက်
ဂုဏ်ယူ မိပါတယ်၊ ၀မ်းနည်းလွယ်တဲ့ ကိုယ့် ဆီ မှာ ဖြေသိမ့်နိုင်တဲ့ အစွမ်းတွေ လည်း
ရှိနေသေးပါတယ်၊ စိတ်ချ ပါ နေနိုင်ပါတယ် ၊ နေတတ်ပါတယ် အဆင်ပြေတာ မပြေတာ
ထက် မင်း အဆင် ပြေရင် ကိုယ် ...နားလည် မှု တွေ ပေးနေမှာပါ၊

ကို ငို တာ မင်းအတွက်တော့ မဆန်းတော့ဘူးလေ၊ ကိုယ် လို လူတစ်ယောက်ရဲ့မျက်ရည်က
မင်းအတွက်ရိုးအီ နေပါပြီ...လှည့်မကြည့်လည်း ၊ ရတယ်၊ နှစ်သိမ့်စရာလည်း မလို
အပ် မယ့်အတူ တူ...ကိုယ် ဆုတောင်းပေးဖို့ ကို တော့မမျှော်လင့်ပါနဲ့ ....
ကိုယ့် ဆီ မှာ အဲလောက်ထိ တုန့်ပြန်ပေးဖို့အားမရှိ သေးလို့ ပါ....
မင်း ရွေးချယ်မှု မှာ အပြစ်ကင်းဖို့ပဲ ကိုယ် မျှော်လင့် မိပါတယ်၊ မျှော်လင့် ပါ သေးတယ်..

တောင်ဇလပ်

No comments: