Wednesday, July 9, 2014

ကျ မ ချစ် သော အမေ စု


May Snow's photo.
May Snow's photo.

ကျမ နိုင်ငံရေး ကို စိတ် မ၀င်စားပါဘူး.... ကျမ ဘယ်ပါတီ မှလည်း မသိပါဘူး... ဒါပေမယ့်
အမှန်တရားဖက်ကနေ ပြောချင်တဲ့ စကားလေး ရှိလို့ ကျမ နဲနဲလောက်တော့ ရေးချင်
ပါသေးတယ်....

အမေ စု နဲ့ ပတ်သက်ပြီးတော့ပါ...ဒီကနေ့ လူ အများစု ကို စဉ်းစားကြည့်ရင်... နဲနဲများဟာသ ဆန်နေ သလားလို့ တွေးမိလို့ပါ... မိဘ ဆိုး ...ရင်သားသမီးတွေများ စကားတောင်ကျယ်ကျယ်မပြောရဲ၊မဟရဲကြဘူး....သဘောကောင်းတဲ့မိဘဆိုရင်တယ်လည်းစကားများကြ 
 တောင်းဆိုမှုတွေကလည်းများကြပါ့လား...
ပွဲ ကြည့်ပရိတ် သတ် တွေ ဖြစ်တဲ့ ကျမ တို့တွေ က တယ်လည်း   သတ္တိကောင်းကြပါ့လား.
သူ.... နေရာမှာဝင် ပြီး ဘယ်နှစ်ယောက်လောက်များ..ခံစားကြည့်ဘူးကြလဲ မသိ...တစ်ကယ်တော့ သူ့ဘ၀ လေး ကို သူ့ဖာသာ အရိုးရှင်းဆုံး လျှောက်လှမ်းဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားထွက်...ပညာတွေ သင် ၊ အိမ်ထောင်ကျ... ဒါက ရိုးရိုးပါပဲ..     တစ်ကယ့်ကို ရိုးရိုးလေးပါပဲ...

သူ့ မ ဟာ    မင်းမျိုး နွယ် တစ်ယောက် မဟုတ်ပါဘူး...သမ္မတ ရဲ့ သမီးလည်းမဟုတ်ပါဘူး..
ကျမ တို့ နိုင်ငံ ကို ကျွန်ဘ၀ က ဆွဲထုတ် ပေးခဲ့တဲ့ အာဇာနည် တစ်ဦး ရဲ့ သမီးပါ....
သူ့ဘ၀ လေးကို သူ့ဖာသာရွေးချယ် ထားပြီးသားပါ...မမျော်လင့်တဲ့အနေထားမှာ.... တိုင်းပြည်တစ်ခု
လုံး ရဲ့ အရှုပ် ထုတ် ကို သူ့ခေါင်းပေါ် ကျစေ ခဲ့လို့...ဇာနည်သွေး ပါတဲ့ သူ အတွက်..မိန်းမ
တန်မဲ့ ထမ်း ရွက် ခဲ့ ရတာပါ....

သူ့ ကို တစ်ခါတစ်လေ မိန်းမ သားတစ်ဦးလို့ရောခံစားကြည့်ကြဖူးလားမသိ...ငိုစရာတွေ၊ ၀မ်းနည်း စရာတွေ ..ဘယ်လောက်များ သူ မြိုသိပ်ထားမလဲ...၊ သူ့ ရင်ထဲမှာ ဘယ်လောက်များ ငိုကြွေးနေမလဲ... သူ့နေရာမှာ ဘယ်သူမှ ... အ ချိန်တို တစ်ခု လောက် ပဲဝင်ရောက်မခံစား ပေးနိုင်ကြပါဘူး...လူမျိုးရေး အမြင်ဘာသာရေးအမြင်တွေနဲ့တစ်ဖက်သတ်စွတ်စွဲတာတွေကို မြင်ရတော့ကျမစိတ်မကောင်းဖြစ်မိပါတယ်..
.
သူ ဟာ မြန်မာ ပြည်တစ်ခု ထဲနဲ့ ဆိုင်တဲ့ ပုဂ္ဂို လ် တစ်ယောက် မဟုတ်ပါဘူး ၊ သူဟာနိုင်ငံတစ်ကာနဲ့လည်းသက်ဆိုင်နေပါတယ်၊ နိုဗယ် ဆုရှင် တစ်ယောက်အနေနဲ့..သူ့ ရဲ့ ဂုဏ်သိက္ခာ
ထိန်းသိမ်းသင့်တာတွေ၊အစွန်းမရောက်သင့်တာတွေ၊သူ့နေနဲ့..ကမ္ဘာနဲ့ယှဉ်ပြီးစဉ်းစားတွေးခေါ်ရတဲ့အခါ..
အိမ်တစ်အိမ်မှအဆင်မပြေတာတွေ ကို ပတ်ဝန်းကျင် တစ်စိမ်းကြားမှာမျက်နှာပျက်မှာစိုးပြီး လိုက်လျောခဲ့လို့ မိသားစုရဲ့ငြိုငြင်တာတွေ၊ အမြင်မှားတာတွေခံယူပြီးငါ့သားသမီးတွေတစ်နေ့တော့နားလည်ကောင်းရဲ့ လေ ဆိုတဲ့အတွေးနဲ့သူ့ခံစားချက်တွေစတေးခဲ့တာတွေကိုကျမတို့ပြည်သူတွေက..ပွဲကြည့်ပရိတ်သတ်လုပ်ပြီး...
ထင်ကြေးတွေအမျိုး မျိုး ပေး ၊ စွပ်စွဲနေကြတာ ..

အမေ စု ကို ဗိုလ်ချုပ်က ဘာမှ  မမှာခဲ့ပါဘူး နော်...!. ၊ ဒီလိုတွေ လုပ်ဖို့အတွက် လေ....
ဘယ် နိုင်ငံက မှ လည်း ဖိအားမပေးခဲ့ပါဘူး၊ သူ့ ဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်..
တစ်ခြားတိုင်းပြည်မှာ သူ့ပညာတွေ ကို ကောင်းကောင်းအသုံးချ ၊ စည်းစိမ်အပြည့်နဲ့စံ လို့
ရပါတယ်၊ သူ့ အတွက် ပန်းခင်းလမ်းတွေ ပါ.. သူ့ ဆီ မှာ ရှိတဲ့ ငယ်ရွယ်နပျို မှု တွေ၊
သူ့ ပညာတွေ ကို သူ ရင်းနှီး မြုပ်နှံလို့..   .တိုင်းပြည်ချစ်စိတ်တစ်ခု နဲ့...လုပ်ဆောင် နေတာတွ ကို..ကျမ တို့ ရဲ့ ဘာမှ မဖြစ်စလောက်ဥာဏ်တွေနဲ့ ၊ ဘာမှ မဖြစ်စလောက် အတွေးလေးတွေ နဲ့ အပြစ်တွေ ပုံချ ပြီး.. ဘာမှ စွမ်းဆောင်နိုင်တာ မရှိပဲ နဲ့ ပြောနေရက်ကြတာ..

အမေ .. စု နေရာ မှာဝင်ပြီး စဉ်းစားကြည့်ရင် တစ်ခါတစ်ခါကျမတို့လူမျိုး တွေအတွက်သူ့ဘ၀ ပေးဆပ်ရတာ တန်ရဲ့လားပေါ့...ပွဲကြည့်ပရိသတ်အနေနဲ့ ထိုင်ကြည့်ပြီး ၊ ပုံစံ မကျ ရင်ဖြင့် ခဲနဲ့ဝိုင်းပေါက်ဖို့ စောင့်စားနေကြသလိုပါ ပဲ ...ကိုယ့် မှာတော့ တိုင်းပြည်အတွက်မပြောနဲ့ မိသားစု အတွက်၊ ပတ်ဝန်းကျင်အတွက်ရော ကောင်းကျိုး ပြု ခဲ့ဖူးလား
ပေးဆပ်ဖူးလားလို့အရင်ပြန်တွေးကြည့်သင့်ပါတယ်...

တစ်ခါတစ်ခါ အမေ စု ကို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောနေကြတာ မြင်ရင် နိုင်ငံ ရေးတွေ ဘေးဖယ် ၊ဘာအရေးမှ မပါပဲ စဉ်းစားကြည့်မယ် ဆိုရင် ကမ္ဘာ က လေးစားဂုဏ်ပြု ခံရတဲ့ အမျိုး သမိီး တစ်ယောက်က ကိုယ့် တိုင်းပြည်ရောက်မှ ရ စရာ မရှိအောင်ပြောဆိုခံ ရတာ ၊ အပြစ်တင်ခံရတာ ၊ တစ်ကယ်ဆို သူ လုပ်နေတာ ၊
သူ့အတွက်လား ၊ သူ့ ကို ပြောနေတဲ့ လူတွေ အတွက်ရော မပါဘူးလား၊ သေခြာတာကတော့သူလုပ်သမျှ မှာ သူ့နှလုံး သား ၊ သူ့ ဘ၀ ၊ သူ့ အသက်ကို ပေးဆပ် ထားပြီးသား ဆိုတာကျ မ တို့ အားလုံး နားလည် စာနာရင်...တိုင်းပြည် အတွက် သမ္မတ ဖြစ်ရေးမဖြစ်ရေးထက်သူ ထားတဲ့ စေတနာ ၊ မေတ္တာ အနစ်နာတွေ ကို ပြန်လည်တွေးမိမယ် ဆိုရင် ဖြင့်...

ပုဒ်မ တွေ အမျိုး မျိုး တပ်ပြီး ... စော်ကားနေတာလေး တွေ ရပ်သင့်ပြီ လို့ထင်မိပါတယ်....
လုပ်ရပ်တွေတစ်ခါတစ်ခါချွတ်ချော်တာရှိချင်ရှိမယ်၊ဒါပေမယ့်တိုင်းပြည်ကိုချစ်တဲ့သူ့စိတ်ကတော့ဘယ်တော့မှ ချွတ်ချော်မှာ မဟုတ်လို့ ပါပဲ.....တစ်ကယ်တော့ သူလည်းမိန်းမသားတစ်ယောက်ပါ....

ဒါပေမယ့် ဇာနည်သွေး တွေ ရောနှောထားတဲ့ မိန်းမ တစ် ဦးပါ၊ သူ့အပြုံးတွေ နောက်ကွယ်မှာ
နာကျင်မှု တွေ ... သတ္တိတွေ ..မေတ္တာတွေ နဲ့ ရောပြွန်းထားလို့ မျှတ အောင် ကြိုးစားညှိ ယူရင်း သူ့ ဘ၀ ကိုရှေ့ဆက်နေ ရတာကို ရိုးရိုးလေး ပဲတွေးမယ်ဆိုရင် သိ နိုင်လောက်ပါရဲ့...ရိုးရိုးလေး ပဲကြည့်မယ်ဆိုရင်တောင်မှ မြင်နိုင် လောက်ပါရဲ့လေ...တစ်ကယ့်ကို....
ရိုးရိုးလေးပါပဲ...ကြည့်တတ်၊ တွေးတတ်မယ် ဆိုရင်...ပေါ့....လေ....။

မှီသလောက်ဥာဏ်လေးနဲ့ ရေးသားခြင်းပါ ...
အမေ စု ကိုလေး စားတဲ့စိတ် ၊ ချစ်တဲ့ စိတ်နဲ့ရေးခြင်းပါ ၊ နိုင်ငံရေး နဲ့လုံးဝ မသက်ဆိုင်ပါ။
တောင်ဇလပ်

No comments: