Wednesday, July 9, 2014

ခံစား မှု အပိုင်း စ

Photo: '' ခံစားမှု   အပိုင်းစ''

ခံစားချက်တွေ သိပ်များတာက....လူတစ်ယောက်ကို  ထိခိုက်စေမှန်း သိခဲ့ပါတယ်...ကျမ လည်း
ကြိုးစားပါတယ်...ကြိုးစားကြည့်ပါတယ်...ဟုတ်တယ်...ရေးသမျှ စာတိုင်းမှာ ခံစားချက်တွေ
များလွန်းနေတယ် ဆိုတာ...လူတကာ ပြောမှ သတိထားမိပေမယ့်...ကျမ ဘာဆက်လုပ်ရမလဲ...
ကျမ  သိပ် ပျော့ညံ့ လွန်းတာ ပဲဖြစ်မယ်...

 ဆယ် နှစ် တိတိ ခံစားမှု ရဲ့ ကျေးကျွန်  အဖြစ်နဲ့... ကျမ ရှင်သန်လာခဲ့မိတယ်...တော် သင့်ပြီလို့
လည်း ကျမ  အကြိမ်ကြိမ် တွေး ခဲ့ပါတယ်... ကျမ  စိတ်တွေ အနည်ထိုင်သင့်ပြီလို့ ပေါ့...
နာကျည်းမှုတွေ က နေ.. စကားလုံးတွေ ဖြစ် ၊ စကားလုံးတွေ ကနေ ကဗျာ အဖြစ် ပြောင်း..လူတကာ ဆီ ရောက်မှ ..ကိုယ့် ခံစားချက်အတိမ်နက် ကို ချင့်ချိန် ခဲ့မိအောင်
ကျ မ တော်တော် ရှုးခဲ့တာပါလား...

ငယ်ရွယ် ၊နုပျို မှု တွေကို အချစ်ဆိုတဲ့...ဒီ ရေ အလျင် က တိုက်စား ခဲ့တော့လည်း..ကျမ နှလုံးသား
ဒဏ်ရာပရပွ နဲ့..တော်တော် နဲ့ နလန် မထ နိုင်တာ ဖြစ်မယ်.. ကျမ ငယ်ငယ်က သူငယ်ချင်းတစ်
ယောက် အချစ်ကြောင့် သတ်သေသွားတာ မြင် တော့ ကျမ  ပြောခဲ့ဖူးသေးတယ် ၊ တော်တော်မိုက်
တဲ့ သူလို့...ကျ မ သူငယ်ချင်းတွေ  အချစ် နဲ့ပတ်သက်ပြီး လာရင်ဖွင့်ရင်..ကျမ  နားညည်းလွန်း
လို့ အပိုအလုပ်တွေ လို့ ပြန် ပြောခဲ့ဖူးပါတယ်....

ခုတော့ ကျမ ..ကျမ အလှည့်ပါ..ကျမ အရမ်း အရမ်းကို နာကျင်ခဲ့ပါတယ်..ကျမ  သေ သွားလောက်
အောင် ၊ ရှုးသွားလောက်အောင် ပေါ့..သိပ်လည်း ကြောက်မိ သလို အရမ်းလည်း နာကျင်ခဲ့ပါတယ်
အချစ် ဆိုတာ မကြားချင်တော့လောက်အောင် ၊ ကျမ တော်တော် ထိတ်လန့်ခဲ့မိပါတယ်..ကျမ
အရွယ် က တည်ငြိမ် သင့်ပြီ ဆိုတာလည်း သိနေခဲ့ပါတယ်..
.
ကျမ ..သူများတွေလို လူတွေရှေ့ မငို ပြခဲ့ပါဘူး...ဘယ်သူ့ကိုမှလည်းရင်မဖွင့်ခဲံ့ပါဘူး ၊ ကျမ 
မှာ ဖြေသိမ့်စရာဆိုကဗျာ တွေပဲ ရှိခဲ့တာပါ.. ခံစားမှု တိုင်းကိုကဗျာတွေ ဖွဲ့လို့..ဖြေသိမ့်နေရ
တဲ့ ကျမ အဖြစ် က လူတကာရှေ့ ချ ပြ တော့ ကျမ ကို စာနာကြတဲ့ ၊နားလည်ပေးကြတဲ့ သူတွေ
ကြောင့်လည်း...ကျမ နဲနဲ နေ ပျော်လာ...ခဲ့ပါတယ်....

ကျမ  ဒီခံစားမှု ဆိုတာကြီးကို မယူ ချင်ပါဘူး ၊ အင်မတန်မှ လေးလံလှပါတယ်..ကျမ ရင်ထဲမှာ
ဘာမှ မရှိတော့တဲ့ အငြိုးတေး တွေ ဆိုပေမယ့်  ခုချိန်ထိ တိုက်ဆိုင်တိုင်းကျမ  ရင်ထဲက နာကျင်
နေတုန်းပါ ..အလိုလို ကျလာတဲ့မျက်ရည်တွေ ကို သုတ်ရင်း ကျမ ကိုယ် ကျမ ဆုံးမ နေရတာလည်း
အကြိမ်မနည်းတော့ပါဘူး...

ကျမ ကြိုးစားနေပါတယ်...လွင့်ပစ်ချင်ပါတယ်...မေ့လိုက်ချင်ပါတယ်...နာကျည်းမှု အစိုင်ခဲတွေ ကို
ခြေဖျက်ချင်ပါတယ်...ကျမ...ပင်ပန်းလွန်းပါပြီ... ပြောရင်းဆိုရင်း ..ဒီကနေ့ပဲ ကျမ ငိုခဲ့မိသေးတယ်
ကျမ  ထိန်းနေတဲ့ကြားက...ထိန်းချုပ် နေတဲ့ ကြား က ပေါ့....။
မေစနိုး

 
ခံစားချက်တွေ သိပ်များတာက....လူတစ်ယောက်ကို ထိခိုက်စေမှန်း သိခဲ့ပါတယ်...
ကျမ လည်းကြိုးစားပါတယ်...ကြိုးစားကြည့်ပါတယ်...ဟုတ်တယ်...ရေးသမျှ စာတိုင်းမှာ
 ခံစားချက်တွေများလွန်းနေတယ် ဆိုတာ...လူတကာ ပြောမှ သတိထားမိပေမယ့်...
ကျမ ဘာဆက်လုပ်ရမလဲ...ကျမ သိပ် ပျော့ညံ့ လွန်းတာ ပဲဖြစ်မယ်...

ဆယ် နှစ် တိတိ ခံစားမှု ရဲ့ ကျေးကျွန် အဖြစ်နဲ့... ကျမ ရှင်သန်လာခဲ့မိတယ်..
.တော် သင့်ပြီလို့လည်း ကျမ အကြိမ်ကြိမ် တွေး ခဲ့ပါတယ်... 
ကျမ စိတ်တွေ အနည်ထိုင်သင့်ပြီလို့ ပေါ့...နာကျည်းမှုတွေ က နေ.. 
စကားလုံးတွေ ဖြစ် ၊ စကားလုံးတွေ ကနေ ကဗျာ အဖြစ် ပြောင်း..
လူတကာ ဆီ ရောက်မှ ..ကိုယ့် ခံစားချက်အတိမ်နက် ကို ချင့်ချိန် ခဲ့မိအောင်
ကျ မ တော်တော် ရှုးခဲ့တာပါလား...

ငယ်ရွယ် ၊နုပျို မှု တွေကို အချစ်ဆိုတဲ့...ဒီ ရေ အလျင် က တိုက်စား ခဲ့တော့လည်း..
ကျမ နှလုံးသားဒဏ်ရာပရပွ နဲ့..တော်တော် နဲ့ နလန် မထ နိုင်တာ ဖြစ်မယ်.. 
ကျမ ငယ်ငယ်က သူငယ်ချင်းတစ်ယောက် အချစ်ကြောင့် သတ်သေသွားတာ
 မြင် တော့ ကျမ ပြောခဲ့ဖူးသေးတယ် ၊ တော်တော်မိုက်တဲ့ သူလို့...
ကျ မ သူငယ်ချင်းတွေ အချစ် နဲ့ပတ်သက်ပြီး လာရင်ဖွင့်ရင်..
ကျမ နားညည်းလွန်း  လို့ အပိုအလုပ်တွေ လို့ ပြန် ပြောခဲ့ဖူးပါတယ်....

ခုတော့ ကျမ ..ကျမ အလှည့်ပါ..ကျမ အရမ်း အရမ်းကို နာကျင်ခဲ့ပါတယ်..
ကျမ သေ သွားလောက်အောင် ၊ ရှုးသွားလောက်အောင် ပေါ့..
သိပ်လည်း ကြောက်မိ သလို အရမ်းလည်း နာကျင်ခဲ့ပါတယ်.....
အချစ် ဆိုတာ မကြားချင်တော့လောက်အောင် ၊ ကျမ တော်တော် ထိတ်လန့်ခဲ့မိပါတယ်..
ကျမအရွယ် က တည်ငြိမ် သင့်ပြီ ဆိုတာလည်း သိနေခဲ့ပါတယ်..
.
ကျမ ..သူများတွေလို လူတွေရှေ့ မငို ပြခဲ့ပါဘူး...ဘယ်သူ့ကိုမှလည်းရင်မဖွင့်ခဲံ့ပါဘူး ၊ 
ကျမ မှာ ဖြေသိမ့်စရာဆိုကဗျာ တွေပဲ ရှိခဲ့တာပါ.. ခံစားမှု တိုင်းကိုကဗျာတွေ ဖွဲ့လို့.
.ဖြေသိမ့်နေရတဲ့ ကျမ အဖြစ် က လူတကာရှေ့ ချ ပြ တော့ ကျမ ကို စာနာကြတဲ့ ၊
နားလည်ပေးကြတဲ့ သူတွေ  ရှိသေး မှန်း ကျ မ သိခဲ့ ပါတယ်...
ကျမ  ပျော် တတ်ခဲ့ပါပြီ...အခု....

ကျမ ဒီခံစားမှု ဆိုတာကြီးကို မယူ ချင်ပါဘူး ၊ အင်မတန်မှ လေးလံလှပါတယ်..
ကျမ ရင်ထဲမှာဘာမှ မရှိတော့တဲ့ အငြိုးတေး တွေ ဆိုပေမယ့် ခုချိန်ထိ တိုက်ဆိုင်တိုင်း
ကျမ ရင်ထဲက နာကျင်နတုန်းပါ ..အလိုလို ကျလာတဲ့မျက်ရည်တွေ ကို သုတ်ရင်း 
ကျမ ကိုယ် ကျမ ဆုံးမ နေရတာလည်း    အကြိမ်မနည်းတော့ပါဘူး...

ကျမ ကြိုးစားနေပါတယ်...လွင့်ပစ်ချင်ပါတယ်...မေ့လိုက်ချင်ပါတယ်...
နာကျည်းမှု အစိုင်ခဲတွေ ကိုခြေဖျက်ချင်ပါတယ်...ကျမ...ပင်ပန်းလွန်းပါပြီ...
 ပြောရင်းဆိုရင်း ..ဒီကနေ့ပဲ ကျမ ငိုခဲ့မိသေးတယ်ကျမ ထိန်းနေတဲ့ကြားက...
ထိန်းချု ပ်   နေတဲ့ ကြား .....က ပေါ့....
တောင်ဇလပ်

No comments: