Wednesday, July 9, 2014

ဖေဖေ သို့


Photo: '' ဖေဖေ သို့ ...'' 

ဖေဖေ.....ခံနိုင်ရည် ရှိဖို့ ကြိုးစားရတာ...တစ်ကယ်တော့မလွယ်လှ ဘူးနော်...ကိုယ့်ကိုယ်ကို
ကျော်ဖြတ်နိုင်ပြီလို့ ထင်ထားပြီး ..ပေါ့ ပါး သွားတဲ့စိတ်မှာ...၀မ်းနည်းသလိုခံစားချက်ကဘာ
ကြောင့် ထပ်ရ လာတာလဲ ဟင်...
သမီး  နားလည်ပါတယ်၊  လောကကြီးကိုဟန်ဆောင်မျက်နှာဖုံးတပ် ပြီး သမီး ပြုံးပြခဲ့တာတွေ
က ဟန်မဆောင်တတ်တဲ့ သမီးအတွက်   သိပ်ခက်ခဲ တဲ့အရာတွေဆိုတာ ပါ....လောကကြီးက တစ်ခါ
တစ်ခါ ဟန်ဆောင်သူကိုပဲ ချီးကျူးဂုဏ်ပြု ကြတာလား ..ဟန်ဆောင်ထားတဲ့ အပြုံးတွေ ကိုပဲ
ကျေနပ်နှစ်သက်နေကြတာလား...ဘာကြောင့်လဲ...ဘာကြောင့်လဲ ဖေဖေ..သူတစ်ပါးခံစားချက်
တွေ ကို လှောင်ပြောင်ကျေနပ်လို့..ကြိတ်ပျော်နေကြတဲ့ သူတွေ ရဲ့ ရှေ့မှာ..ဘာမှ မသိလို ပုံစံနဲ့
ပြုံးပြ နှုတ်ဆက် ရတာတွေ ကို ရင့်ကျက်မှု လို့ ခေါင်းစဉ်တတ်မှာလား...

သမီး တော့ ခွင့်မပြုချင်ဘူးဖေဖေ...ခလေး ဆန်တာလား...မရင့်ကျက်တာလား ၊ ဘာပဲတွေးတွေး
ဘယ်သူတွေပြောပြော ၊ စာနာစိတ်မရှိတဲ့ သူတွေရဲ့သတ်မှတ်ချက်ပါ ။ လူပီသ ရင်ခံစားချက်ဆို
တာရှိမှာပဲ နော်....ခံစားချက်မရှိရင်  စာနာစိတ်ဆိုတာဘယ်ရှိမလဲ ၊ စာနာစိတ်မရှိရင်လူဘယ်ပီ
သ မလဲ  ၊ ငိုစရာရှိရင်ငိုမယ် ရယ်စရာရှိရင် ရယ်ချင်တယ်ဖေဖေ..အရိုးသားဆုံးပဲကြည့်ချင်တယ်
အရိုးသားဆုံးပဲ တွေးချင်တယ်...ဒါပေမယ့်...တစ်ကယ့်လက်တွေ့ဘ၀မှာ ရိုးသားမှု ကိုတန်ဖိုး
ထားတယ်လို့ ပြောနေတဲ့သူတွေ ဆီမှာပဲ မုသားတွေ နဲ့ပြည့်နှက်နေတယ်..စာနာပါတယ်လို့
ပြောနေတဲ့သူတွေဆီမှာပဲ ရက်စက်မှုတွေ ရှိနေတယ်...
   
မုသားတွေ ကို ချိုတယ် ၊လို့ပဲပြောပြော ဆေးဖက်ပဲဝင်ဝင် သမီး မသောက်သုံးချင်ဘူးဖေဖေ
ရိုးသားသူတွေ ရှုံးနိမ့် ကြတယ် ဆိုရင်လည်း..ကျေကျေနပ်နပ်နဲ့လက်ခံချင်တယ် ဖေဖေ...
ရိုးသားမှုမှာ ကျရှုံးပါစေ..အောင်နိုင်သူ ရဲ့ ရက်စက်မှု ကို ဂုဏ်ပြု မယ့်သူထဲမှာ သမီးမပါ
ချင်ဘူးဖေဖေ...သူတို့ရဲ့အောင်ပွဲမှာ..လက်ခုပ်တီးနေမယ့်သူမဟုတ်တဲ့သမီးကို အရှုံးသမားလို့
အမည်တပ်မယ်ဆိုလည်းကျေနပ်နေမှာပါ ဖေဖေ..

     ဘ၀ ဆိုတာ အစဉ်အမြဲ သင်ယူနေရမယ့် သင်ခန်းစာတွေ ၊ မကုန်ဆုံးနိုင်တဲ့   အစမ်းသပ်ခံ 
စားမေးပွဲတွေ နဲ့...လူတိုင်းကြုံနေကြတာ မို့..ဖေဖေ မြတ်နိုးတဲ့ ရိုးသားမှု မှာ ဖေဖေလည်းကျရှံး
ခဲ့ဖူးမှာပါ...သမီးနားလည်ခဲ့ပါပြီ...ရိုးသားသူတွေ ရှုံးနိမ့်ထွက်ခွာ ချိန်မှာ....ကပ်ပါသွားတဲ့...
လိပ်ပြာသန့် တဲ့ခံစားချက်တွေ ကို ဘယ်သူက နားလည်မှာလဲနော်...

ဟန်ဆောင်ကမ္ဘာထဲ မှာ...ရှောင်ဖယ်ခံရတာရော အောင်မြင်မှု မဟုတ်ဘူးလား ၊ ရက်စက်မှု့မှာ
အရှုံး ပေး ခဲ့တာရော ပျော့ညံ့မှု လို့ နာမည် တပ်မှာလား... သမီး ကျေနပ်တယ်ဖေဖေ...
သမီး ငို အုံးမှာပါ ...ဒါပေမယ့်..ရယ်ဖို့လည်း ဘယ်တော့မှ မမေ့ဘူးဖေဖေ...သမီး  မာန ကြီးအုံးမှာ
ပါ ၊ ဒါပေမယ့် ဘယ်တော့မှ  ဘ၀င်မမြင့် ၊ အောက်ခြေ မလွတ်ဘူး ဖေဖေ...

 လူသားတစ်ယောက်ရဲ့ ဘ၀ကိုလူသားတစ်ယောက်ပီသစွာ ပဲ ကျော်ဖြတ်သွားမှာပါ...
ဟန်ဆောင်သူ တွေ ပေး တဲ့ သင်ခန်းစာတွေ ကနေ ရတဲ့...အောင်မြင်မှု ရိုးရိုး လေးတွေ နဲ့ပါဖေဖေ...ရိုးသားတဲ့ အရှံ့း တစ်ချို့ လည်း ပါရင် ပါ မှာပေါ့ ဖေဖေ...ရိုးသားတဲ့ အောင်မြင်မှု
တစ်ခု ကို  ..ရှာဖွေနေရင်း နဲ့ပေါ့....ဖေဖေ့ရဲ့ သမီး တစ်ယောက် အဖြစ်နဲ့...ရိုးသားမှု မှာ ခံစားရင်း..နာကျင်ရင်း..ကျေနပ် ရင်း...ငို တစ်ခါ  ..ရယ်တစ်လှည့်နဲ့..  ဖေဖေ့ရဲ့ အဝေးမှာ...အဝေးမှာ ..ပေါ့...။
မေစနိုး

  ဖေဖေ.....ခံနိုင်ရည် ရှိဖို့ ကြိုးစားရတာ...တစ်ကယ်တော့မလွယ်လှ ဘူးနော်...
ကိုယ့်ကိုယ်ကိုကျော်ဖြတ်နိုင်ပြီလို့ ထင်ထားပြီး ..ပေါ့ ပါး သွားတဲ့စိတ်မှာ...
ဝမ်းနည်းသလိုခံစားချက်ကဘာကြောင့် ထပ်ရ လာတာလဲ ဟင်...
သမီး နားလည်ပါတယ်၊ လောကကြီးကိုဟန်ဆောင်မျက်နှာဖုံးတပ် ပြီး 
သမီး ပြုံးပြခဲ့တာတွေက ဟန်မဆောင်တတ်တဲ့ သမီးအတွက် 
သိပ်ခက်ခဲ တဲ့အရာတွေဆိုတာ ပါ....လောကကြီးက တစ်ခါတစ်ခါ
 ဟန်ဆောင်သူကိုပဲ ချီးကျူးဂုဏ်ပြု ကြတာလား ..ဟန်ဆောင်ထားတဲ့ 
အပြုံးတွေကိုပဲကျေနပ်နှစ်သက်နေကြတာလား...ဘာကြောင့်လဲ...
ဘာကြောင့်လဲ ဖေဖေ..သူတစ်ပါးခံစားချက်တွ ကို လှောင်ပြောင်ကျေနပ်လို့.
.ကြိတ်ပျော်နေကြတဲ့ သူတွေ ရဲ့ ရှေ့မှာ..ဘာမှ မသိလို ပုံစံနဲ့ပြုံးပြ နှုတ်ဆက် 
ရတာတွေ ကို ရင့်ကျက်မှု လို့ ခေါင်းစဉ်တတ်မှာလား...

သမီး တော့ ခွင့်မပြုချင်ဘူးဖေဖေ...ခလေး ဆန်တာလား...မရင့်ကျက်တာလား ၊ 
ဘာပဲတွေးတွေးဘယ်သူတွေပြောပြော ၊ စာနာစိတ်မရှိတဲ့ သူတွေရဲ့သတ်မှတ်ချက်ပါ ။ 
လူပီသ ရင်ခံစားချက်ဆိုတာရှိမှာပဲ နော်....ခံစားချက်မရှိရင် စာနာစိတ်ဆိုတာဘယ်ရှိမလဲ ၊ စာနာစိတ်မရှိရင်လူဘယ်ပီသ မလဲ ၊ ငိုစရာရှိရင်ငိုမယ်ရယ်စရာရှိရင်ရယ်ချင်တယ်ဖေဖေ..
အရိုးသားဆုံးပဲကြည့်ချင်တယ်အရိုးသားဆုံးပဲ တွေးချင်တယ်...ဒါပေမယ့်...
တစ်ကယ့်လက်တွေ့ဘ၀မှာ ရိုးသားမှု ကိုတန်ဖိုးထားတယ်လို့ ပြောနေတဲ့သူတွေ ဆီမှာပဲ 
မုသားတွေ နဲ့ပြည့်နှက်နေတယ်..စာနာပါတယ်လို့ပြောနေတဲ့သူတွေဆီမှာပဲ
 ရက်စက်မှုတွေ ရှိနေတယ်...

မုသားတွေ ကို ချိုတယ် ၊လို့ပဲပြောပြော ဆေးဖက်ပဲဝင်ဝင် သမီး မသောက်သုံးချင်ဘူးဖေဖေ
ရိုးသားသူတွေ ရှုံးနိမ့် ကြတယ် ဆိုရင်လည်း..ကျေကျေနပ်နပ်နဲ့လက်ခံချင်တယ် ဖေဖေ...
ရိုးသားမှုမှာ ကျရှုံးပါစေ..အောင်နိုင်သူ ရဲ့ ရက်စက်မှု ကို ဂုဏ်ပြု မယ့်သူထဲမှာ 
သမီးမပါချင်ဘူးဖေဖေ...သူတို့ရဲ့အောင်ပွဲမှာ..လက်ခုပ်တီးနေမယ့်သူမဟုတ်တဲ့သမီးကို
 အရှုံးသမားလို့ အမည်တပ်မယ်ဆိုလည်းကျေနပ်နေမှာပါ ဖေဖေ..

ဘ၀ ဆိုတာ အစဉ်အမြဲ သင်ယူနေရမယ့် သင်ခန်းစာတွေ ၊ မကုန်ဆုံးနိုင်တဲ့
 အစမ်းသပ်ခံ စားမေးပွဲတွေ နဲ့...လူတိုင်းကြုံနေကြတာ မို့.
.ဖေဖေ မြတ်နိုးတဲ့ ရိုးသားမှု မှာ ဖေဖေလည်းကျရှံးခဲ့ဖူးမှာပါ...
သမီးနားလည်ခဲ့ပါပြီ...ရိုးသားသူတွေ ရှုံးနိမ့်ထွက်ခွာ ချိန်မှာ....ကပ်ပါသွားတဲ့...
လိပ်ပြာသန့် တဲ့ခံစားချက်တွေ ကို ဘယ်သူက နားလည်မှာလဲနော်...

ဟန်ဆောင်ကမ္ဘာထဲ မှာ...ရှောင်ဖယ်ခံရတာရော အောင်မြင်မှု မဟုတ်ဘူးလား ၊
 ရက်စက်မှု့မှာအရှုံး ပေး ခဲ့တာရော ပျော့ညံ့မှု လို့ နာမည် တပ်မှာလား... 
သမီး ကျေနပ်တယ်ဖေဖေ...
သမီး ငို အုံးမှာပါ ...ဒါပေမယ့်..ရယ်ဖို့လည်း ဘယ်တော့မှ မမေ့ဘူးဖေဖေ...
သမီး မာန ကြီးအုံးမှာပါ .......
 ဒါပေမယ့် ဘယ်တော့မှ ဘ၀င်မမြင့် ၊ အောက်ခြေ မလွတ်ဘူး ဖေဖေ...

လူသားတစ်ယောက်ရဲ့ ဘ၀ကိုလူသားတစ်ယောက်ပီသစွာ ပဲ ကျော်ဖြတ်သွားမှာပါ...
ဟန်ဆောင်သူ တွေ ပေး တဲ့ သင်ခန်းစာတွေ ကနေ ရတဲ့..
.အောင်မြင်မှု ရိုးရိုး လေးတွေ နဲ့ပါဖေဖေ...ရိုးသားတဲ့ အရှံ့း တစ်ချို့ လည်း ပါရင် ပါမှာပေါ့ ဖေဖေ...ရိုးသားတဲ့ အောင်မြင်မှုတစ်ခု ကို ..ရှာဖွေနေရင်း နဲ့ပေါ့...
.ဖေဖေ့ရဲ့ သမီး တစ်ယောက် အဖြစ်နဲ့...ရိုးသားမှု မှာ ခံစားရင်း..နာကျင်ရင်း.
.ကျေနပ် ရင်း...ငို တစ်ခါ ..ရယ်တစ်လှည့်နဲ့.. ဖေဖေ့ရဲ့ အဝေးမှာ...အဝေးမှာ ..ပေါ့...။
 
တောင်ဇလပ်

No comments: