Thursday, July 31, 2014

မေ့ ရက် သော်

 

 တွယ်တာ မြတ်နိုး
သဒ္ဒါ တိုး ၍
  နှုတ်က အစဉ်
ဖွင့် ဟ ချင်လည်း

ချစ် သူ ငယ် ထွေး
ဘယ် အဝေး မှာ
တစ်ခါတစ်ခွင့်
ခါ သင့် ကြုံ လင့်
မမော ခွန်း ခြွေ
ချစ် တေး သီ မည်
ထို ထွေ စိတ်ကူး
မှန်း ဆ ရော် မှ
တမင် စိမ်း ပစ်
မုန်း သက် နှင်း ရင်...

မုန်း ပါ လေ လား
မုန်း လေ လား လို့
ဘယ် ခါ မပြော
စစ် ကြော သဘော ထွေ

မေ့ ရန် သဘော
တုန့်ပြန်ဇောဖြစ်
ဘယ်ခါ မမော
ဖယ် ခွာ သဘော
အလိုက်သင့် မမုန်း ရန်
ကိုယ့် ရင် ကို သာ
အဖြေရှာ ညှိ

မေ့ ရန် သတိ
  ပေး မည့် သူ ပင်......။

တောင်ဇလပ်

No comments: