Monday, July 21, 2014

မမေ့ နိုင် သော နေ့တစ်နေ့




 သြော်....နှစ်များ ...ကြာ  ရှည်အောင်...
    ဘယ်လို  ပဲ ..
  မေ့ ထား စေ ခိုင်း အုံးတော့....
ဒို့ သမိုင်း ဒို့ပြန်ကြည့်၇င်...
အာဇာနည် သူရဲ ကောင်း တွေ ...
ဒီ မြေ မှာ ဖွား
.... ဒီ မြေ တွက် စွန့်သွားတာ...
ဒို့ ....ဘိုးဘွားတွေ သွန်သင် ပြ...
မျိုးဆက်များ ....ဆက် ဆက် တိုင်...
   မမေ့ နိုင် ဒီ အဖြစ်...

ရင် နှင့် မမျှ ပါ...လား...
  သွေး ၊ ချွေးတွေ နဲ့...
  ရေး မှတ်ထား.....
  ပေးဆပ် သမျှ ဟာ...
လွတ်လပ် ရေး မှတ် တိုင် တစ်ခု....
ခိုင် မာ စွာ ဆောက်တည် သမူ ပြု ဖို့
....
အာဇာနည် တွေ အသက် ပေး သွားတာ...
  နောင်လာ နောင်သား...
မျိုးဆက်သစ် များ ပါ...
ထပ် ဆင့် လို့...
ကမ္မည်း ထိုး စေ ပါ....

  ခေတ် အဆက် ဆက် ...
  မြန်မာ ပြည် တည် နေသရွေ့...
  ပေးဆပ် စွန့်စား....
ဇာနည်ဖွား တွေ ...
တစ်သက် မမေ့....
အမြဲ တည် ရှိ နေ မယ့်..
.အာဇာနည်.... နေ့...တစ် နေ့....။

တောင်ဇလပ်

No comments: