Wednesday, July 9, 2014

အဖေ များ နေ့ အမှတ် တရ


Photo

    ဖေဖေ နေကောင်းရဲ့လား..
ဒီနေ့ ဖခင်များနေ့ပါ ဖေဖေ...
ဖေဖေ သိပ်ချစ်တဲ့ သမီး လေး ဖေဖေ့ကိုလွမ်းနေတယ် ၊ သတိရနေတယ်..
.ဖေဖေ့ကိုသမီး ... ကျေးဇူးတင်ပါတယ် ၊ သမီး လေး ကို လူ့လောက ထဲ မှာ..
ရှင်သန်ခွင့် ရအောင် ခွန်အားတွေ ၊ မေတ္တာတွေပေး ခဲ့တဲ့ ဖေဖေ့ကိုသမီး သိပ်ချစ် ရပါတယ်...

လူမှန်းသိတတ်စ အရွယ်တည်းက လိုလေးသေးမရှိ ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေ့ကို 

သမီးတတ်နိုင်သမျှ အားနဲ့ ဖြည့်ဆည်းပေး ပါ့မယ် ဖေဖေ..
လက်ဖ၀ါး ဖြန့်လိုက်ရင် တစ်ခါမှ မပိုင်ဆိုင်တာ မရှိဖူးတဲ့ သမီး ငယ်ငယ်က လို 
အခုချိန်မှာ ပြန်ပေးနိုင်တဲ့ အနည်းအကျဉ်းလေး နဲ့ဖေဖေ ၀မ်းသာအားရလူတကာရှေ့မှာ
 သမီးအတွက် ဂုဏ်ယူ နေတာတွေ့တော့သမီး ၀မ်းနည်းမိတယ်ဖေဖေ...
ငယ်ငယ်က ဘာမဆို တာဝန်တစ်ခုလို သတ်မှတ်ပြီး ပူဆာတိုင်း

 ဖြည့်ဆည်းပေးနေကျ တွေဟာသမီး ဆီက တစ်ခါတစ်လေ မှ ရတဲ့ 
အရာလေးတွေ နဲ့ကျေနပ်နေတဲ့ ဖေဖေ့ကိုသမီး  ချစ်တယ်ဖေဖေ...

သမီးကို ဖေဖေ အများကြီး ပေးခဲ့ပြီးပါပြီ..စိတ်ဓာတ်တွေ ၊ မေတ္တာ အကြင်နာတွေ.

 ၊ အားလုံးသမီးရခဲ့ပြီးပါပြီ..ဖေဖေ ပေးတဲ့ စိတ်ဓာတ်အမွေနဲ့ သမီးအရာရာကို
ရင်ဆိုင်နိုင်ခဲ့တာပါ ဖေဖေ...မေတ္တာနဲ့လည်းအရာရာကို အနိုင်ယူ ခဲ့ပါတယ် ..
သမီး ..အနားမှာ ဖေဖေ မရှိပေမယ့်..ဖေဖေ့ရဲ့ဆုံးမ သွန်သင်တဲ့ စကားတွေ နဲ့ 
သမီးဘ၀ ကို အကောင်းဆုံးအသက်ရှင်နေပါတယ် ဖေဖေ...
သူများတွေ လို ဂုဏ်တွေ ၊ ငွေ တွေ မပေးနိုင်ခဲ့ ပစေ ၊ ဖေဖေ ပေးတဲ့ စိတ်ဓာတ်တစ်ခုနဲ့

သမီး ကျေနပ်ပါတယ် ဖေဖေ....

သမီး သိပ်ချစ်တဲ့ မိုးကောင်းကင် ကြီးနဲ့တူတဲ့ ဖေဖေ.. ပြိုလဲ မသွားပါနဲ့ နော် ၊

 သမီးလေး အနားမှာ နေပြီး ပြုစု ခွင့်လေး ပြု ပါအုံး...
ကျေးဇူးဆပ်ခွင့်တွေ ပေးပါအုံးနော်..ဖေဖေ့ရဲ့အဝေးမှာ ဆိုပေမယ့်

 ဖေဖေ့ကိုသတိရတိုင်းကောင်းကင်ကိုကြည့်ပြီး သမီး ပြောခဲ့သမျှ စကားတွေ ကို 
အဝေးဆီမှာရှိနေတဲ့ဖေဖေ ကြားနိုင်မယ့်စိတ်ကူးနဲ့သမီးအမြဲတိုင်တည် နေကျမို့
 ကောင်းကင်ကြီးနဲ့တူတဲ့သမီးရဲ့ဖေဖေ သမီး သွားလေရာမှာ အုပ်မိုးလို့
 စောင့်ေ၇ှာက်ပေး ပါ နော်...ဘယ်တော့မှ မပြိုလဲနိင်တဲ့ကောင်းကင်ကြီးလို
တည်ရှိနေပေးပါ ဖေဖေ..သမီး အတွက်   တည်ရှိနေပေးပါ.... နော်..။
တောင်ဇလပ်
အဖေများ အားလုံးကျန်းမာကြပါစေ...

No comments: